Sunday, June 11, 2017

Love Arumi Like ( 2015 ) - မြန်မာစာတန်းထိုး

Edit Posted by with No comments

"Love Arumirai(2015)"

Movie တွေမတင်ဆက်ဖြစ်တာကြာပီဖြစ်တဲ့အတွက် MMATV ရဲ့ချစ်လှစွာသောပရိတ်သတ်ကြီးကို 2015 ခုနှစ်ထွက် "Love Arumirai" ဆိုတဲ့ထိုင်းကားလေးတစ်ကား တင်ဆက်ပေးလိုက်ရပါတယ်ရှင်။

Geng နဲ့ Bella လို့ခေါ်တဲ့ ဇနီးမောင်နှံစုံတွဲတစ်တွဲရှိပါတယ်။
Geng ကတော့ရဲတစ်ယောက်ဖြစ်ပီး Bellaကတော့ရုပ်ရည်လှပချောမောတဲ့ Fashionဆရာမကြီးတစ်ယောက်ပါ။
သူတို့နှစ်ယောက်က အလုပ်အမြဲရှုပ်တတ်ကြပီး တစ်ယောက်နဲ့တစ်ယောက်လည်း အဆင်သိပ်မပြေကြဘူး။
ဒီလို့နဲ့တစ်ညမှာု့နှစ်ယောက်သားစကားများပီး အိပ်ပျော်သွားတဲ့အခါ မနက်မိုးလင်းတော့ ကိုယ်ချင်းလွဲနေတာကို သိလိုက်ရပါတယ်။
ဒါပေမဲ့လည်းသူတို့ရဲ့အလုပ်ကိစ္စတွေက အရေးကြီးတဲ့အတွက်ဟန်ဆောင်ပီး အလုပ်သွားကြပါတယ်။
မင်းသမီးကိုယ်နဲ့(မင်းသား)က fashion ကိစ္စတွေအတွက်သွားရသလို မင်းသားကိုယ်နဲ့(မင်းသမီး)က လူဆိုးဖမ်းဖို့်လုပ်ကြရတာကြောင့် ဘယ်လိုပေါက်ကရတလွဲတွေလုပ်မလဲ ၊သူတို့နှစ်ယောက်ရောချစ်သွားကြမလား၊နဂိုခန္တာကိုယ်တွေပြန်ရမလားဆိုတာတော့ movieလေးမှာ ဆက်လက်ကြည့်ရှုခံစားကြည့်ပါနော်။
ဟာသအမြူးလေးဖြစ်တာကြောင့် သဘောကျနှစ်သက်မယ်လို့ ယုံကြည်မိပါတယ်။


အားလပ်ရက်လေးမှာရုပ်ရှင်တွေကြည့်ရင်း အမောတွေပြေနိုင်ကြပါစေလို့ Myanmar Asian TV Channel မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်


Translator : Khin July Moe
Encoder : MTK

Friday, June 9, 2017

The Best Hit ( 2017 ) - မြန်မာစာတန်းထိုး

Edit Posted by with 4 comments

ယူဟွန်ဂျေးက ၉၀နှောင်းပိုင်းမှာ အရမ်းနာမည်ကြီးလာတဲ့ JAY-2ဆိုတဲ့အဖွဲ့ထဲကတစ်ယောက်ပါ ... တစ်နေ့မှာတော့ အဆိုတော်မလေး ဟုန်းဘိုဟီးနဲ့ တွဲနေတယ်ဆိုတဲ့ သတင်းတွေနဲ့အတူ JAY-2အဖွဲ့လည်း ဖျက်သိမ်းတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့ပါတယ် .... သိပ်မကြာခင်မှာပဲ အဲ့သတင်းတွေနဲ့အတူ အဆိုတော် ယူဟွန်ဂျေးက ပျောက်ခြင်းမလှပျောက်သွားပါတော့တယ် ....

၂၀၁၇ မှာတော့ လီဂျီဟွန်းက အဆိုတစ်ယောက်ဖြစ်ချင်သူပါ ... ဒါပေမဲ့ သူ့အဖေ လီဂွမ်ဂျေးကတော့ သူ့သားကို လစာပုံမှန်ရတဲ့ အစိုးရဝန်ထမ်းပဲ လုပ်စေချင်တယ် ... အဲ့တာနဲ့ လီဂျီဟွန်းက အစိုးရဝန်ထမ်းစာမေးပွဲဖြေချင်နေတဲ့ သူငယ်ချင်းဖြစ်သူ ချွဲဝူဆန် ကိုသူကိုယ်စားကျောင်းတတ်ခိုင်းပြီး သူကတော့ SP Entertainment မှာ သင်တန်းသားအဖြစ် လေ့ကျင့်နေပါတယ် ... ဒီလိုနဲ့ သူတို့တွေဆီက လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်က ပျောက်ဆုံးသွားခဲ့တဲ့ ယူဟွန်ဂျေး တစ်ယောက် ဟာရုတ်တရက်ကြီး ပြန်ရောက်လာခဲ့တဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲ ဆိုတာကို ဒီဇာတ်ကားလေးမှာ ကြည့်ရှုရမှာဖြစ်ပါတယ် ....

ဒီကားမှာဆိုရင် -
ယူဟွန်ဂျေးအဖြစ် Mirror Of The Witch ထဲကခေါင်းဆောင်မင်းသား Yoon Si Yoon

လီဂျီဟွန်းအဖြစ် ကလေးသရုပ်ဆောင်ဘဝထဲက အားလုံးနဲ့အရမ်းရင်းနှီးနေတဲ့ Goblin ထဲက မင်းကြီးအငယ်လေး Kim Min Jae

ဂျီဟွန်းရဲ့အဖေ လီဂွမ်ဂျေးအဖြစ် My Sassy Girl နဲ့ စတင်လူကြိုက်များလာတဲ့  Blossom Brother တစ်ယောက်ဖြစ်တဲ့ Cha Tae Hyun

ချွဲဝူဆန်း အဖြစ် The Gentlemen of Wolgyesu Tailor Shop မှာ ပါဝင်ပြီး လူကြိုက်များလာတဲ့ Lee Se Young တို့ကအဓိပါဝင်သရုပ်ဆောင်ထားပါတယ် ...

ပြီးတော့ ဒီကားမှာ နာမည်ကြီးတော်တော်များများလည်း Guest အဖြစ်ပါဝင်ထားကြပါတယ် ...


KBS2 ရုပ်သံဌာနမှ ထုတ်လွှင့်လျက်ရှိတာဖြစ်ပြီး အပိုင်းရေ ၃၂ ပိုင်း ပါဝင်ထားတဲ့ Youth , Music , Romance & Comedy ဇာတ်လမ်းလေးပါ .... 



Translator : Nyo Lae Nwal 
Encoder : Anonymous X
Quality : 720p


Saturday, June 3, 2017

Queen For Seven Day ( 2017 ) - မြန်မာစာတန်းထိုး

Edit Posted by with 4 comments


ဒီကား​လေးက​တော့နန်းတွင်းကား​တွေကိုကြည့်​ချင်​တဲ့ပရိတ်​သက်​ကြီးအတွက်​အကြိုက်​​တွေ့​စေမှာပါ ....

1.6.2017 မှစတင်​ထုတ်​လွှင့်​ခဲ့ပြီး ongoing ကား​လေးဖြစ်​ပါတယ်​ ....

Main Cast တွေကတော့ Yeon Woo Jin , Lee Dong Gun & Park Min Young ( ကင်နာနာ ) တို့ ပါဝင်ထားပါတယ် ...

Supporting Role အနေနဲ့ Jang Hyun Sung , Son Eun Seo & Yoo Min Kyu တို့ က ပါဝင်အားဖြည့်ထားပါတယ် .... 

ဇာတ်​လမ်း​လေးက​တော့ သူ့အစ်​ကို​တော်​ရဲ့အထင်​လွဲမှု​တွေကိုခံ​နေ​ရတယ့်​ မင်းသားဂျင်​ဆွန်း ... 

ချောင်​ကျတဲ့​တောရွာ​လေးထဲမှာ ဖွက်​ထားခံရတယ့်​ သခင်​မ​လေး​ချေ​ဂျောင်း ...

ပြီး​တော့ မင်းသားဂျင်​ဆွန်း ရဲ့အစ်​ကို​တော်​ ဂျိုဆွန်းမင်းကြီး သူတို့ ကြားကနန်းတွင်းအရှုပ်​အ​ထွေး​တွေကိုရိုက်​ပြထားတာပါ ....

ချေ​ဂျောင်း နှင့်​ ဂျင်​ဆွန်း က​ရောဘယ်​လို​တွေ့ကြမလဲ မင်းကြီးက​ရော ဘာ​ကြောင့်​အထင်လွဲနေတာလဲ ... ? 

ပြီး​တော့ Queen for Seven Days ဆိုတဲ့အတိုင်း ​ချေ​ဂျောင်းကဘုရင်​မဖြစ်​မှာလား ... ?

ဘုရင်​မဖြစ်​သွားခဲ့ရင်​လည်း ဘာ​ကြောင့်​နန်းသက်​က ၇ရက်​ပဲရှိတာလဲ ? ဆိုတာ ဒီကား​လေးမှာကြည့်​ရှုခံစားလို့ရပါပြီ ...


Rating အရကတော့ MyDramaList မှာ 8.3/10 နှင့် Viki မှာ 9.7/10 အသီးသီးရရှိထားတဲ့ Rating မြင့် ဇာတ်ကားလေးတစ်ခုပါ ....


Translator : Sandar Lwin & HKH
Encoder  : Anonymous X
Quality : 720p



Friday, June 2, 2017

Lookout ( 2017 ) - မြန်မာစာတန်းထိုး

Edit Posted by with 7 comments

ဒီဇာတ်လမ်လေးကတော့ 2017 ခုနှစ် May လ မှာ ထွက်ရှိခဲ့တဲ့ Ongoing KDrama လေး တစ်ခုပါ ... 

Cast တွေ အနေဖြင့် Kim Young Kwang ( Street Stranger and Me ) , Lee Si Young ( Golden Cross ) , Kim Tae Hoon ( Fantastic ) , Kim Seulgi ( Oh My Ghost ) နှင့် Key ( SHINee ) တို့ က အသီးသီး ပါဝင် သရုပ်ဆောင်ထားပါတယ် ... 

သူ တို့ဟာ ​​​နေရာ​ဒေသ အသီးသီး မှာ မ​ကောင်းမှု ဒုစရိုက်​တွေကျူးလွန် ​​နေတဲ့ ရာဇဝတ်သား​တွေ ကို နည်း အမျိုးမျိုး နဲ့ ဖမ်း​​နေကြရပြီး ထိုတာဝန် ​တွေ​​ကြောင်ပဲ့ ချစ်တဲ့ သူ​တွေ မိသားစု​တွေနဲ့ ကွဲကွာ ခဲ့ကြရပါတယ် ...

Jang Do Han ဟာ စုံ​ထောက်တစ်​ယောက်ဖြစ်ပြီး သူအမှုတစ်ခုကို လိုက်ရင်း ရဲ​မေ Ji soo နဲ့​တွေ့ခဲ့ပါတယ် ...

Jo Ji Soo က​တော့ က​လေး တစ်​ယောက် အ​မေ ရဲ​မေ ဖြစ်ပပါတယ် ... သူမ တာဝန်ထမ်း​ဆောင်​နေချိန် သူမသမီး​လေးကို သူမအ​မေနဲ့ထားခဲ့ပါတယ် .... ဒါ​ပေမဲ့ က​လေးဟာ မ​တော် စမှု တစ်ခုနဲ့ ​သေသွားပါတယ် .... 

Kim Eun Joong က  Ji Soo ရဲ့ အထက်အရာရှိတစ်ဦးပါ ...

Seo Bo Mi နဲ့ Kong Kong Soo ဟာလည်း လျှို့ဝှက် ​​အေ့ဂျင့်​တွေဖြစ်ပြီး သူတို့က​တော့  Hacker ဆရာကြီး​တွေ​ပေါ့ ...

ဒီလိုရာဇဝတ်မှု​တွေ လိုက်ရင်းနဲ့ပဲ သူတို့ ​​တွေဆုံခဲ့ကြပါတယ် ...

Lookout Kdrama ကို ကိုရီးယားရုပ်သ​လိုင်း MBC မှ အပါတ် စဉ် တနလာ် အဂါ ကိုရီးယား အချိန် ည ၁၀ နာရီ မှာထုတ်လွင့်ပြသပြီး အပိုင်း ၁၆ ပိုင်းပါရှိပါမယ်

Kdrama ကား​ကောင်း​ကောင်းကြိုက်တဲ့ သူတိုင်း ကြည့်သင့်တဲ့ ကား​လေးပါ ....

( Review ကို " KDrama English and Myanmar Subtitles " page မှ ကူးယူဖော်ပြပါသည် ... )


Translator : Stitchky Shun ၊ Yupar Oo
Encoder : Anonymous X
Quality : 720p

Wednesday, May 24, 2017

Circle : Two Worlds Connected ( 2017 ) - မြန်မာစာတန်းထိုး

Edit Posted by with 12 comments


ဒီဇာတ်လမ်းလေးကတော့ 2017 , May လ ထဲမှာ ထွက်ရှိလာတဲ့ Ongoing KDrama လေး တစ်ခုပါ ... အပိုင်း ရေ ၁၀ ပိုင်း ( To Be Continued ) ပါဝင်ပြီး Sci-fi , Mystery ဇာတ်လမ်းလေးတစ်ခုပါ ... တခြားထွက်နေကြ ဇာတ်လမ်းတွေထက်တော့ ထူးခြားမှုများစွာရှိနေတာပေါ့ ...

 တစ်ပိုင်းမှာ Part 1 နှင့် Part 2 ဆိုပြီး ပါဝင်ပါတယ် ... Part 1 ကတော့ Beta Project ( 2017 ) ဖြစ်ပြီး Part 2 ကတော့ Grand New World ( 2037 ) ပေါ့ ...

 " ယခုလက်​ရှိ 2017 " နှင့် " လူ​တွေရဲ့အနာဂတ်​မှာ လူ​တွေကို ထိန်​ချုပ်​ထားပြီး သူတို့ရဲ့ ခံစားချက်​​တွေကို ချုပ်​ကိုင်​ထားတဲ့ 2037 " မှာ ဖြစ်​ပျက်​​နေတာ​တွေကိုရိုက်​ပြထားတဲ့ စိတ်​ကူးယဉ်​ sici-fi , mistery drama​ လေးပါ ... 

 ဂြိုလ်​သား​တွေက ကမ္ဘာ​ပေါ်ကို အလည်​​ရောက်​လာပြီး​တော့ လူသား​တွေဆီက new skill ​တွေသင်​တယ်​ ... အဲ့ဒီ့က​နေ အကျိုးရလဒ်​​တွေယူတယ်​ ... မဟာမိတ်​နဲ့​တော်​လှန်​ခုခံတာ​တွေကြားက ပရိပက္ခ​တွေရယ်​ လူသားနဲ့ ဂြိုလ်သားကြားကချစ်​ခြင်း​မေတ္တာ​တွေကို စိတ်​လှုပ်​ရှားဖွယ်​ကြည့်​ရှူရမှာပါ ... အပိုင်းတိုင်းမှာ အခန်း၂ ရပ်စီပါပါလိမ့်​မယ်​ ... 2017 "Beta project" နဲ့ 2037 "Grand new World " ဆိုပြီး ပါဝင်မှာပါ ... 

2017 နဲ့ 2037 ကြားက အဖြစ်​အပျက်​​တွေက ဘာ​တွေဖြစ်​မလဲဆိုတာ​စောင့်​ကြည့်​ရမှာပါ ... သမားရိုးကျ ဇာတ်လမ်းမျိုးမဟုတ်ပဲ တွေ့ရခဲတဲ့ ပုံစံမျိုးလေးဖြစ်တာကြောင့် လက်မလွှတ်သင့်ဘူးလို့တော့ အကြံပေးလိုက်ပါရစေ ...

 Beta Project ( 2017 ) မှာ Main Actor တွေအဖြင့် Yoo Jin Goo , Ahn Woo Yeon တို့ ပါဝင်ထားပြီး ... Main Actress တွေအဖြင့် Gong Seung Yeon , Jung In Sun တို့ က ပါဝင်ထားပါတယ် ... 

 Grand New World ( 2037 ) မှာ Main Actor တွေအဖြင့် Lee Ki Kwang နှင့် Kim Kang Woo တို့က ပါဝင်ထားပါတယ် ... Rating အရ MyDramaList မှာ 8.7/10 ရရှိထားတဲ့ rating မြင့် ဇာတ်ကားကောင်းလေးပါ ...


Translator : Noe & Ei Phyu Sin Htun
Encoder : Anonymous X 
Quality : 720p

                                              



                             

Tuesday, May 23, 2017

Death Note : New Generation ( 2016 ) - မြန်မာစာတန်းထိုး

Edit Posted by with No comments


Death Note ဆိုတဲ့ နာမည်ကြားတာနဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေ အားလုံးပဲ ကြည့်ဖူးလောက်ကြမှာပါနော် ...

အခုတင်ဆက်မယ့် Death Note က တော့ ကျွန်တော်တို့ ငယ်ငယ်က ကြည့်ခဲ့ Death Note Film ပြီးနောက် ၁၀ နှစ်ကြာတဲ့အခါမှာ ဘာတွေ ဘယ်လိုဖြစ်ပျက်လာမလဲဆိုတာကို ကြည့်ရှုရမှာပါ ...

Death Note : Light Up the New World ဆိုပြီး 2016 မှာ Film တစ်ခု ထွက်ရှိခဲ့ပါသေးတယ် ... အဲ့ Film ကို ကြည့်တုန်းက နည်းနည်းတော့ ရှုပ်နေတယ်ဟုတ် ... ဒါလေးကို ကြည့်ရင်တော့ အားလုံးကို နားလည်သဘောပေါက်သွားမှာပါ ...

အပိုင်း ၃ ပိုင်း သာ ပါဝင်တဲ့ Mini-Series တစ်ခုဖြစ်ပြီး မူလ ကျွန်တော်တို့ ငယ်ငယ်က ကြည့်ဖူးခဲ့တဲ့ Death Note I , II & III နဲ့ 2016 မှာ ထွက်ရှိခဲ့တဲ့ Death Note : Light Up the New World တို့ရဲ့ ကြားက ကာလလေးပေါ့ ...

Light Up the New World မကြည့်ရသေးတဲ့ ပရိသတ်များအတွက်တော့ ဒီ သုံးပိုင်းလေးကို အရင်ကြည့်ပြီးမှ 2016 Film ကို ကြည့်ကြပါလို့ အကြံပေးပါရစေ ...

Rating အရတော့ IMDb မှာ 6.6/10 ရရှိထားပါတယ် ...


Translator - Ei Phyu Sin Htun
Encoder - Anonymous X
Quality - 720p

Friday, May 12, 2017

Fifteen Years of Waiting for Migratory Birds ( 2016 ) - မြန်မာစာတန်းထိုး

Edit Posted by with 4 comments


ဒီနေ့ Ongoing တွေ နားတဲ့ နေ့လေးမှာ Viki မှာ 9.3/10 နှင့် MyDramaList မှာ 7.8/10 ရရှိထားတဲ့ rating မြင့် Chinese Series လေး တစ်ခုကို မိတ်ဆက်ပေးပါရစေ ...

Main Actor အဖြစ် Zhang Ruo Yun ( Novoland ဇာတ်ကားထဲက ဖုန်းထင်းရီ ) က ပါဝင်ထားပြီး ...
Main Actress အဖြစ် ချစ်စရာကောင်းတဲ့ မင်းသမီးလေး Sun Yi က ပါဝင်ထားပါတယ် ...

ကျောင်းသား ကျောင်းသူ ဘဝ ကို အခြေခံ ရိုက်ကူးထားပြီး Friendship , Life , Mature & Romance ဇာတ်လမ်း ပုံစံလေးပါ ...

ဇာတ်လမ်းအကျဉ်းလေးကတော့ -
ဒီDramaလေးက ဆယ်ကျော်သက် အရွယ် လူငယ်လေးတွေရဲ့ အပြုအမူ သဘာဝ ကိုပုံဖော်ထားတဲ့ ဟာသဇာတ်မြူးတစ်ပုဒ်ပါ ... မိသားစုကြားပြဿနာ , သူငယ်ချင်းကြားက ပြဿနာ စတဲ့ ရသမျိုးစုံကို ထည့်သွင်းရိုက်ကူးထားတာပါ ...

လီလီ့ရဲ့အဖေကွယ်လွန်သွားတဲ့အချိန်မှာလီလီ့ အမေဟာ နောက်ထပ်အိမ်ထောင်ပြုခဲ့ပါတယ် ... အဲ့ဒီအိမ်ထောင်မှာ လီလီ့ ထက် အသက်ကြီးတဲ့ ကွန်းရန် ဆိုတဲ့ ပေါင်းသင်းဆက်ဆံရေး ခက်တဲ့ကောင်လေးပါလာတယ် ... အဲ့ကာင်လေးနဲ့လီလီဟာ အမြဲ မတည့်အတူနေရသူတွေပေါ့ ...

ဒါပေမယ့် ဇာတ်လမ်းအစမှာပါတဲ့ မင်္ဂလာပွဲက လီလီနဲ့ကွန်းရန်တို့ရဲ့မင်္ဂလာပွဲပါ ... ပိုင်ရှောင်ရွှီနဲ့မဟုတ်ပါဘူး ... ဘာတွေဖြစ်ခဲ့ကြလို့လဲ မသိပေမယ့် အဲ့မြုပ်ကွက် ကတကယ်စိတ်ဝင်စားဖို့ကောင်းပါတယ် ...

ဒန်နီရယ်ဆိုတဲ့ကောင်လေးကရောဘာလဲ ?
ပိုင်ရှောင်ရွှီကရော ဟန်ရီချန်းကို ပဲဆက်ကြိုက်နေမှာလား ?
လီလီနဲ့ရော ဘာတွေဆက်ဖြစ်ကြတာလဲ ?
ပိုင်ရှောင်ရွှီ ကဘာလို့အရမ်းအောင်မြင်တဲ့ သူဌေးတစ်ယောက်ဖြစ်သွားတာလဲ ?

အစရှိတဲ့ မေးခွန်းတွေကို 15 Years of Waiting for Migratory Birds ဆိုတဲ့ Chinese Drama လေးမှာ ဆက်လက် အဖြေရှာလိုက်ကြရအောင်နော် ...


Translator - Hsu Sandar Aung
Encoder - Anonymous X
Quality - 720p



Thursday, May 11, 2017

Suspicious Partner ( 2017 ) - မြန်မာစာတန်းထိုး

Edit Posted by with 3 comments


အခု လတ်တလော နာမည်ကြီးနေတဲ့ ဇာတ်ကားလေးကို နာမည်လေးမြင်တာနဲ့ သိကြမှာပါနော် ...

K2 မင်းသား Ji Chang Wook နဲ့ Shopping King ထဲက မင်းသမီး Nam Ji Hyun တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ် ...

ဇာတ်လမ်းသဘောလေးကတော့ - အမှုစစ် နိုဂျီဝူ ( Ji Chang Wook ) နဲ့ အလုပ်သင်မလေး အွန်ဘုံဟီး ( Nam Ji Hyun ) တို့ နှစ်ယောက် ... အလုပ်အတူတူ လုပ်ကြရင်း နက်နဲ ရှုပ်ထွေးတဲ့ အမှုတွေကို ဖော်ထုတ်ကြခြင်းကို တွေ့မြင်ရမှာ ဖြစ်ပါတယ် ...

Legal, Romance & Comedy ဇာတ်လမ်းအမျိုးအစားလေး တစ်ခုဖြစ်ပြီး SBS ( Seoul Broadcasting System ) ရပ်သံလိုင်းမှ 11.5.2017 တွင် စတင်ထုတ်လွှင့်ခဲ့ပြီးဖြစ်ပါတယ် ...

Rating အရ Viki မှာ 9.7/10 နှင့် MyDramaList မှာ 8.5/10 အသီးသီး ရရှိထားပြီး နောက်ထပ် rating မြင့် ဇာတ်လမ်းလေးတစ်ခုဖြစ်ပါတယ်လို့ ပြောကြားရင်း ထပ်မံမိတ်ဆက်လိုက်ရပါတယ် ...



Translator - Sakura Hene | Elvis
Encoder - Anonymous X
Quality - 720p

Ruler : Master of the Mask ( 2017 ) - မြန်မာစာတန်းထိုး

Edit Posted by with 10 comments


2017 , May လ အ hot ဆုံး ကားတစ်ကားလို့ ပြောရင်လဲ မှားမည်မထင် ... မထွက်ခင်ကတည်းကပင် နာမည်ကြီးလျက်ရှိတယ့် " Ruler : Master of the Mask '' ... တောင်ကိုရီးယား နိုင်ငံရဲ့ ရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ MBC ရုပ်သံလိုင်းမှ 10.5.2017 မှ စတင် ထုတ်လွှင့်ပြသခဲ့ပါတယ် ...

ဒီဇာတ်ကားလေးထဲမှာတော့ -
Main Actor တွေ အဖြစ် နာမည်ကြီး မင်းသားတစ်လက်ဖြစ်တယ် Yoo Seung-Ho နှင့် KPop Boy Group တစ်ခုဖြစ်တဲ့ infinite အဖွဲ့မှ L တို့က ပါဝင်ထားပါတယ် ...
Main Actress တွေ အဖြစ် Let's Fight Ghost ဇာတ်လမ်းတွဲလေးထဲမှာ လူသိများလာခဲ့တဲ့ မင်းသမီးချောလေး Kim So-Hyun နှင့် နောက်ထပ် မင်းသမီးချောလေး Yoon So-Hee တို့က ပါဝင်ထားပါတယ် ...

ဇာတ်လမ်းအကျဉ်းလေးကတော့ -
၁၇၀၀ ပြည့်နှစ် ဂျိုဆွန်းခေတ် ကို နောက်ကျောထား ရိုက်ကူးထားခြင်းဖြစပြီး ... ဂျိုဆွန်းပြည်ရဲ့ အိမ်ရှေ့စံမင်းသားလေး လီစွန်း နှင့် ဂျိုဆွန်းတပြည်လုံးကို ရေထုတ်လုပ်မှု ပေးတဲ့ ဖြောင်ဆိုး အုပ်စု တို့ အင်အားပြိုင်ကြခြင်းကို အခြေပြု ထားခြင်းဖြစ်ပါတယ် ... မိန်းကလေး ဂါအွန်း က အိမ်ရှေ့စံမင်းသားလေး ချစ်နှစ်သက်ရတဲ့ ကောင်မလေးဖြစ်ပြီး ... မိန်းကလေး ဂါအွန်း က အိမ်ရှေ့စံ လီစွန်း က ဖြောင်ဆိုး အုပ်စုနှင့် အတိုက်အခံတွေကြားထဲကနေ ဘယ်လို ကူညီပေးသွားမလဲ ဆိုတာကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ် ...

၃၅ မိနစ်စာ အပိုင်း တစ်နေ့ ၂ ပိုင်း နှုန်းနှင့် တပတ် ၂ ရက်ဆီ ပြသသွားမှာဖြစ်ပြီး ... အပိုင်း ၄၀ ပါရှိတဲ့ ဇာတ်လမ်းကောင်းလေးတစ်ခုပါ ...

Rating အရ Viki မှာ 9.6/10 , MyDramaList မှာ 8.9/10 နှင့် AsianWiki မှာ 74% အသီးသီး ရရှိထားတဲ့ Rating မြင့် ဇာတ်ကားကောင်းလေးတစ်ကားပါလို့ ပြောကြားရင်း တင်ဆက်လိုက်ရပါတယ် ...


Translator - ^Amy^ | Anonymous X
Encoder - Anonymous X
Quality - 720p


Tuesday, May 9, 2017

One Day ( 2017 ) - မြန်မာစာတန်းထိုး

Edit Posted by with No comments


ဒီတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်လမ်းလေးကတော့ 2017 မှာ ထွက်ရှိခဲ့တဲ့ Fantasy , Drama Film တစ်ခုပါ ...

Main Cast တွေအနေနဲ့ကတော့ Kim Nam-gil နှင့် Chun Woo-Hee တို့က ပါဝင် သရုပ်ဆောင်ထားပါတယ် ...

ဇာတ်လမ်းအကျဉ်းလေးကတော့ - မိန်းမသတ်သေသွားတာကိုမြင်ပြီး စိတ်ဒဏ်ရာရနေတဲ့ အမျိုးသားတစ်ယောက်ရဲ့စိတ်ဒဏ်ရာတွေကို ... ကိုမာဝင်ပြီး သတိလွင့်မေ့မျောနေတဲ့ အမျိုးသမီးတစ်ယောက်က ကုစားပေးထားတဲ့အကြောင်းလေးကို ရိုက်ကူးထားတာပါ ...

ဂန်ဆူးဟာမိန်းမဖြစ်သူသေဆုံးသွားပြီးနောက် စိတ်ဒဏ်ရာအကြီးအကျယ်ရနေခဲ့ပါတယ် ...
အလုပ်ကိုလည်းမသွားတော့ပဲ ... အမျိုးသမီးတစ်ယောက်ရဲ့အမှုကိုလိုက်ဖို့လက်ခံလိုက်ရာကနေ ထိုအမျိုးသမီးရှိတဲ့ဆေးရုံကို သွားရောက်တွေ့ဆုံဖို့သွားခဲ့ပါတယ် ... ဆေးရုံရောက်သွားတဲ့အခါ ထိုအမျိုးသမီးနဲ့တွေ့လိုက်ရပေမယ့် သူတစ်ဦးတည်းသာ ထိုအမျိုးသမီးမြင်နိုင်ကြောင်းသိလိုက်ရတဲ့ အခါမှာတော့ ….

ဘာတွေဘယ်လိုတွေ ဆက်ဖြစ်မယ်ဆိုတာကို One Day ဆိုတဲ့ ဇာတ်ကားလေးကိုကြည့်ပြီး အဖြေရှာလိုက်ကြရအောင်နော် ...

Rating အရ IMDb မှာ 7.1/10 ရရှိထားပြီး rating ကောင်း ၊ ဇာတ်လမ်းကောင်း တစ်ခုလို့ပဲ ညွှန်းလိုက်ပါရစေ ...

( ဇာတ်လမ်းအညွှန်းကို Channel Myanmar မှပဲ ကူးယူဖော်ပြသည် ။ )

Translator - Channel Myanmar
Encoder - Anonymous X
Quality - 720p
File Size - 540 MB


Friday, May 5, 2017

Chronicle of Life ( 2016 ) - မြန်မာစာတန်းထိုး

Edit Posted by with 1 comment


အခုတစ်ခါတင်ဆက်ပေးမယ့် ဇာတ်လမ်းသစ်လေးကတော့ 2016 ခုနှစ်မှာ ထွက်ရှိခဲ့တယ့် Chinese Drama , Romance ဇာတ်လမ်းလေးတစ်ခုပါ ...

ငယ်ငယ်က မြဝတီ မှာ ကြည့်ရှုခဲ့ဖူးတဲ့ ဇာတ်ကားတစ်ချို့လို အရှေ့ကထိပ်ပြောင် နောက်က ကျစ်ဆံမြီးအရှည်ကြီးနဲ့ မန်ခြူး ဇာတ်လမ်းပုံကို တွေ့မြင်ရမှာ ဖြစ်ပါတယ် ...

Main Cast တွေ အနေနဲ့ကတော့ - Lau Hawick ( မင်းသမီး Yang Mi ၏ ခင်ပွန်း ) , Vin Zhang ( 3 Lives ထဲက သရဲဘုရင် လီကျင့် ) နှင့် Zheng Shaung ( Love O2O ထဲက မင်းသမီးလေး ဝေဝေ ) တို့က ပါဝင်ထားပါတယ် ...

ဇာတ်လမ်းလေးကိုတော့ မန်ခြူးခေတ်ကို နောက်ကျောထားပြီး Dram အသားပေး ဇာတ်လမ်းလေးတစ်ခုဖြစ်ပါတယ် ... Drama အသားပေးဆိုပေမဲ့ မန်ခြူးခေတ်ရဲ့ အငွေ့အသက် နန်းတွင်းအရှုပ်တော်ပုံတွေနဲ့ အတူတူ မြိုင်မြိုင်ဆိုင်ဆိုင် ရိုက်ကူးတင်ဆက်ထားပါတယ် ...

ဇာတ်လမ်းအကျဉ်းလေးကတော့ - လျန်အာ က မြို့စားမင်းရဲ့ သမီးဖြစ်ပြီး သူမရဲ့မွေးနေ့မှာ ... ဘုရင့်ကို ပုန်ကန်မှုကြောင့် ဘုရင့်အမိန့်နဲ့ တစ်မိသားစုလုံးအသတ်ခံခဲ့ရတယ် ... ကံကောင်းထောက်မစွာနဲ့ သူမတစ်ယောက်ထဲထွက်ပြေးလွှတ်မြှောက်သွားပြီး ... ဦရီးတော်ရှိရာဆီထွက်လာခဲ့ပါတယ် ...
လမ်းမှာလဲ လူဆိုးတွေဖမ်းပြီး ရောင်းစားဖို့လုပ်ရာကနေ လုပ်ကြံသူတွေရန်က ရှောင်ပြေးလာတဲ့ဘုရငိနဲ့တွေ့ခဲ့ပါတယ် ... ဒဏ်ရာရနေတဲ့ ဘုရင်ကိုပြုစုပေးခဲ့တယ် ... ဘုရင်ကိုဘုရင်မှန်းမသိပေမဲ့ အစ်ကိုတစ်ယောက်လို သံယောဇဉ်တွယ်ခဲ့ပြီး နောက်နေ့ပြန်ဆုံဖို့ ချိန်းဆိုခဲ့ကြပါတယ် ...

ထို့နောက် လျန်အာ တစ်ယောက် ဦးရီးတော် ဆီသို့ ရောက်ရှိသွားပြီး ... ဦးရီးတော်ရဲ့ မွေးစားသားဖြစ်သူက လုပ်ကြံလို့ လျန်အာ တစ်ယောက် အတိတ်မေ့လျော့သွားခဲ့ပါတယ် ... အဲ့အချိန်မှာ ဦးရီးတော်ရဲ့ သားအရင်းဖြစ်သူ ရွန်ယု က ကယ်တင်ပြီးနောက် လျန်အာ ကို အစေခံအဖြစ်ထားလိုက်ကြပါတယ် ...
ထို့နောက် လျန်အာ နှင့် ရွန်ယု တို့ ချစ်ကျွမ်းဝင်ခဲ့ကြပါတယ် ... အဲ့အချိန်တွေထဲမှာပဲ တချိန်က ဂူတစ်ဂူထဲမှာ လျန်အာ ရဲ့ ပြုစုမှုကို ခံယူခဲ့ဖူးတဲ့ ဘုရင်လေးကလဲ လျန်အာ ကို ၈ နှစ်လုံးလုံး လိုက်လံရှာဖွေနေခဲ့ပါတယ် ...

လျန်အာ , ရွန်ယု နှင့် ဘုရင်လေး သူတို့ရဲ့ ၃ ပွင့်ဆိုင် ဇာတ်လမ်း ဘာတွေဆက်ဖြစ်မယ်ဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ် ...

Rating အရ Viki မှာ 9.1 နှင့် MyDramaList မှာ 7.6/10 အသီးသီး ရရှိထားတာကြောင့် rating မြင့် ဇာတ်လမ်းလေး တစ်ပုဒ်ဆိုလဲ မှားမယ်မထင်ပါဘူး ...

အပိုင်းရေ စုစုပေါင်း 37 ပိုင်း ပါဝင်ပြီး တပတ်ကို ၄ ပိုင်း , တစ်ခါတင် ၂ ပိုင်း နှင့် တစ်ပတ် နှစ်ရက်တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ် ...


Translator - Sakura Hene
Encoder - Anonymous X
Quality - 720p



Thursday, May 4, 2017

Princess Hours - Thai Ver. ( 2017 ) - မြန်မာစာတန်းထိုး

Edit Posted by with 22 comments


တရုတ်သံတွေ ထိုင်ဝမ်သံတွေ ဂျပန်သံတွေ ကိုရီးယားသံ တွေကို ကြားနေမြင်နေ ကြည့်နေရမှာ ငြီးငွေ့လာမှာစိုးလို့ 2017 ခုနှစ်ထွက် အသစ်စက်စက် Thai Drama လေး တစ်ခုကို တင်ဆက်လိုက်ရပါတယ် ...

မနေ့က Trailer video တုန်းက ပြောပြခဲ့တဲ့ အတိုင်း ဒီဇာတ်လမ်းလေးဟာ တစ်ခေတ်တစ်ခါ ဒိတ်ဒိတ်ကြဲ အောင်မြင်ခဲ့တဲ့ ရွှေမင်းသားလေးရဲ့ ချစ်ပုံပြင် ( Princess Hours ) ကို အခြေပြုပြီး Thai တွေမှ ပြန်လည်ရိုက်ကူးထားခြင်းဖြစ်ပါတယ် ...

25.04.2017 က စပြီး ထိုင်းနိုင်ငံရဲ့ ရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ True4U ရုပ်သံလိုင်း မှ ထုတ်လွှင့်ပြသလျက်ရှိပြီး ယနေ့နဲ့ဆို 3 ပိုင်း တိတိ ထုတ်လွှင့်ပြီးလျက်ရှိပါပြီ  ...

Main Cast တွေ အနေနဲ့ကတော့ မင်းသား Phiangphor Sarasathapheng နှင့် မင်းသမီးချောလေး Ungsumalynn Sirapatsakmetha တို့က ပါဝင်သရုပ်ဆောင်ထားပါတယ် ...

ဇာတ်လမ်းအကျဉ်းလေးကတော့ - ဘူတင် နိုင်ငံက် အုပ်ချုပ်နေတဲ့ ဘုရင်ကြီး သာဒါ မှာ သားတော်တစ်ပါးရှိတယ် ... သူကတော့ မင်းသားလေး အင် ပေါ့ ... ဘုရင်ကြီး နာမကျန်းဖြစ်တဲ့အချိန်မှာ England နိုင်ငံမှာ ပညာပြန်သင်ကြားနေတဲ့ အင် ကို ပြန်ခေါ်ပြီး ... အရင် မင်းကြီး ထားခဲ့တဲ့ ကတိစကားတစ်ခုအရ အမျိုးသမီးငယ် တစ်ဦးနဲ့ လက်ဆပ်ပေးဖို့ ပြောပါတော့တယ် ... ထို အမျိုးသမီးငယ်လေးကတော့ အနုပညာ ဘာသာရပ်ကို လေ့လာဆည်းပူးနေပြီး ပျော်ပျော်ပါးပါး ရွှတ်ရွှတ်နောက်နောက် နေတတ်ပြီး အသက် ၁၉ နှစ်သာ ရှိသေးတဲ့ ကျောင်းသူလေး ခနင် ပါ ...

ထိုအသက် ၁၉ နှစ်သာရှိသေးပြီး လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ ခနင် ဟာ ရုတ်တရက် လက်ထပ်ရတော့မယ်ဆိုတဲ့ ကိစ္စရပ်တစ်ခုကြီးနဲ့ ရင်ဆိုင်ရသောအခါ ... ထိုအမျိုးသားမှာလဲ ဘူတင် နိုင်ငံရဲ့ မင်းသားလေး ဖြစ်နေမှန်း သိလိုက်ရသောအခါ ... ဘာတွေဆက်ဖြစ်ကြမလဲ ဆိုတာကိုတော့ Princess Hours ( Thai Ver. ) လေးကို ကြည့်ရှုလိုက်ကြရအောင်နော် ...

Romance , Comedy သီးသန့်မဟုတ်ပဲ တခြား ဘာတွေပါလာမလဲဆိုတာကိုတော့ ရင်ခုန်စွာ ကြည့်ရှုခံစားလိုက်ကြရအောင်နော် ...

Rating အရလဲ MyDramaList မှာ 7.6/10 ရရှိထားတဲ့ rating ကောင်း Drama လေး တစ်ခုဖြစ်တာကြောင့် လက်မလွှတ်တမ်းကြည့်ရှုသင့်ကြောင်း တိုက်တွန်းလိုက်ရပါတယ်နော် ...


Translator - Myat Shweyeai Khine | Anonymous X
Encoder - Anonymous X
Quality - 720p
File Size - 300+ MB




Wednesday, May 3, 2017

I Am Sorry , I Love You ( 2015 ) - မြန်မာစာတန်းထိုး

Edit Posted by with 9 comments


The Lost Tomb နဲ့ Buzzer Beat လေး ပြီးသွားပြီဆိုတော့ နောက်ထပ် series လေးတစ်ခုနဲ့ တင်ဆက်ပေးပါရစေ ...

ဒီဇတ်ကားလေးဟာ 2015 ခုနှစ်က ထွက်ရှိခဲ့တဲ့ Taiwan Series လေး တစ်ခုဖြစ်ပြီး အပိုင်းရေ ၁၃ ပိုင်း ပါဝင်ထားပါတယ် ...

Jasper Liu , Bryant Chang & Andrea Chen တို့က အဓိက Main Cast တွေ အနေဖြင့် ပါဝင်ထားပါတယ် ... ဇာတ်လမ်းအမျိုးအစားလေးကတော့ Fantasy , Romance လေးပါ ....

ဇာတ်လမ်းအကျဉ်းလေးကတော့ - ဟန်​စီရီ ( Andrea Chen ) ဆိုတဲ့​ကောင်​မ​လေးဟာ သူချစ်​သူ​ကောင်​​လေး ​ပေးခဲ့တဲ့နာရီလေးဟာ အခြေအနေတစ်ရပ်ကြောင့် ပျက်ဆီးခဲ့ရပါတယ် ... ဘယ်​ဆိုင်​မှာလိုက်​ပြင်၍မရတော့ပဲ ... ​နောက်​​တော့ သူ့သူငယ်​ချင်း တန်​ကျန့်​နန်​ က ၀န်​ရှုဟိုင်​ ( Bryant Channel ) ဆိုတဲ့အင်​ဂျင်​နီယာ​လေးကိုသွားပြင်​ခိုင်းပါတယ်​ ...

ကံ​ကောင်း​ထောက်​မစွာနဲ့ပဲ ၀န်​ရှုဟိုင်​ကပြင်​လို့ရသွားပြီး ... သူအဲ့နာရီကို စမ်းဝတ်​ကြည့်​လိုက်​တဲ့အခါမှာ​တော့ နာရီ ထဲက​နေ ၀ိဥာဉ်​တစ်​ခ ဝုန်းခနဲ ထွက်ပေါ်လာပါတယ် ...

ဟန်​စီရီ (Andrea Chen ) နှင့်​ ၀ိဥာဉ်​ နှင့်​ဘယ်​လိုပတ်​သက်​မှုရှိလဲ ?
ဘာလို့ ၀န်​ရှုဟိုင်​ နာရီဝတ်​လိုက်​​တော့မှ ၀ိဥာဉ်​ ကထွက်​ပေါ်လာရတာလဲ ?
ဆိုတာကိုတော့ " I Am Sorry , I Love You " ဆိုတဲ့ ဒီ ဇာတ်ကားလေးမှာ ဆက်ပြီး အဖြေရှာလိုက်ရအောင်နော် ...

Fantasy ဆန်ဆန် ဇာတ်လမ်းလေးကို Romance , Comedy လေးတွေနဲ့ ရောနှေပြသထားတာမို့ Fantasy ကြိုက်နှစ်သက်သူတွေအတွက်ရော ... Romance ဇာတ်လမ်းတွေကို ခုံမင်နှစ်သက်သူတွေ အတွက်ရော အကြိုက်တွေ့စေလိမ့်မယ်လို့ ရဲရဲကြီးကြီး အာမခံလိုက်ရပါတယ် ...

Rating အရ ကြည့်မယ်ဆိုရင်လဲ Viki မှာ 9.2/10 နှင့် MyDramaList မှာ 7.6/10 ရရှိထားတာဆိုတော့ ဇာတ်ကားမကောင်းမှာ စိတ်မပူရတော့ဘူးလို့ပဲ ထပ်ညွှန်းလိုက်ပါရစေနော် ...


Translator - Sandar Lwin
Encoder - Anonymous X
Quality - 720p

Monday, May 1, 2017

Don't Click ( 2012 ) - မြန်မာစာတန်းထိုး

Edit Posted by with No comments

ဒီဇာတ်လမ်းလေးဟာ 2012 မှာ ထွက်ရှိခဲ့တဲ့ Thriller , Mystery ဇာတ်လမ်း အမျိုးအစားလေးပါ ...

Cast တွေ အနေနဲ့ကတော့ Park Bo Young ( Strong Woman Do Bong Soon ) , Kang Byul နှင့် Joo Won တို့က ပါဝင် သရုပ်ဆောင်ထားပါတယ် ....

ဇာတ်လမ်းအကျဉ်းလေးကတော့ - online ပေါ်မှာ နာမည်ကြီးနဲ့ video တစ်ခုကို Jung Mi က သူ့အစ်မ ဖြစ်သူရဲ့ ကောင်လေး Joon Hyuk ကို ထို video file ကို download ဆွဲပေးဖို့ အကူအညီတောင်းပါတယ် ...

Jung Mi တစ်ယောက် ထို video file ကို ကြည့်ရှုပြီးတဲ့နောက်မှာ ဘယ်လိုထူးဆန်းတဲ့အရာတွေ သူမဆီ ကျရောက်လာမလဲ ?
ဘယ်လို အန္တရာယ်တွေ ကြုံတွေ့လာရမလဲ ?
 အစ်မ ဖြစ်သူ Se Hee ကလဲ သူ့ညီမလေးကို ဘယ်လိုကယ်တင်မလဲ ?
ဆိုတာကို သည်းထိတ်ရင်ဖို ကြည့်ရှုခံစားရမှာပါ ....

Rating အရ IMDb မှာ 4.7/10 နှင့် MyDramaList မှာ 6.5/10 စသည်ဖြင့် အသီးသီး ရရှိထားတဲ့ ဇာတ်ကားလေးပါ ...


Translator - Zwe Maun Aung
Encoder - Anonymous X
Quality - 720p
File Size - 639.4 MB


Sunday, April 30, 2017

My Secret Romance ( 2017 ) - မြန်မာစာတန်းထိုး

Edit Posted by with No comments


Ongoing လေးတစ်ကားကို တင်မယ်စိတ်ကူးနေတာ ကြာပါပြီး။ ကျွန်တော် MTK အနေနဲ့ အကြောင်းအမျိုးမျိုးကြောင့် Ongoing ရေးဖို့ကို တုန့်ဆိုင်းနေရပါတယ်။

တစ်ပတ်မှာ
နှစ်ပိုင်းနဲ့ မှီအောင်တင်ပေးမယ်စိတ်ကူးနဲ့ တင်လိုက်တာဖြစ်ပါတယ်။
အခုတစ်ခေါက်တင်ဆက်ထားတဲ့ဇာတ်လမ်းတွဲကတော့ အရမ်းကို ကောင်းတဲ့ ဇာတ်လမ်းတွဲလေးပါ 
ချာဂျင်ဝူးဆိုတဲ့ သူဌေးသားလေးနဲ့ ယွန်မီဆိုတဲ့ကောင်မလေးရဲ့ လျှိုဝှက်ဆန်တဲ့ အချစ်ဇာတ်လမ်းလေးကို ခံစားရမှာဖြစ်ပါတယ် ...

ဒီဇာတ်ကားလေးက ကိုယ်ကိုကိုယ် ရည်းစားမရနိုင်ဘူးဆိုတဲ့အတွေးမျိုးမရှိလာအောင် မင်းသမီးရဲ့ သရုပ်ကွက်တွေနဲ့ ပုံဖော်ထားပါတယ်။
ကဲ ကဲ ပြောနေတာကြာပါတယ် ဇာတ်လမ်းတွဲလေးကို ကြည့်ရှု့ခံစားလိုက်ပါအုံး


Translator - MTK & KLP
Encoder - MTK
Quality - 720p



Haru : An Unforgettable Day in Korea ( 2010 ) - မြန်မာစာတန်းထိုး

Edit Posted by with No comments

ဒီဇာတ်လမ်းလေးကတော့ 2010 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့  mini movie လေး တစ်ခုပါ ... 

cast တွေကတော့ နောက်လို့မရဘူးနော် ... သေသွားမယ် ရှင်သွားမယ် မသေမရှင်ဖြစ်သွားမယ် 😜😜

Main Actor တွေအနေနဲ့ F4 ဇာတ်ကားနဲ့ လူသိများခဲ့တဲ့ ဆိုရီဂျောင် ( Kim Bum ) , TVXQ အဖွဲ့မှ Jung Yun-ho , Park Shi-woo နှင့် Big Bang အဖွဲ့မှ G-Dragon , T.O.P , Taeyang , Seungri & Daesung တို့က ပါဝင်ထားကြပါတယ် ...

Main Actress တွေ အနေနဲ့ကတော့ Lee Da Hae နဲ့ Han Chae Young တို့က ပါဝင်ထားပါတယ် ...

ဇာတ်လမ်းပုံစံလေးကတော့ ကားနာမည်လေးအတိုင်း " မမေ့နိုင်တဲ့ နေ့တစ်နေ့ " ပေါ့ ... မေ့လို့မရနိုင်အောင် ဘယ်လို ပုံဖော်ကြမလဲဆိုတာကို ဇာတ်ကားလေးထဲမှာ ကြည့်ရှုလိုက်ကြရအောင်နော် ...

Rating အရ IMDb မှာ 6.9/10 ရရှိထားပါတယ် ...


Translator - Anonymous X
Encoder - Anonymous X
Quality - 720p
File Size - 319 MB