Fabulous 30 ( 2011 ) - မြန်မာစာတန်းထိုး


ဇာတ်​လမ်းအကျဉ်း​လေးမ​ပြောပြခင်​မှာ ဇာတ်​ကား​လေးရဲ့ ​ဆောင်​ပုဒ်​​​လေးကို အရင်​​ပြောပါရ​စေ .. " When it come to love , age is not a problem " ပါ .. " အချစ်​သာ ဖြစ်​တည်​လာခဲ့မယ်​ဆိုရင်​ , အသက်​အရွယ်​ဆိုတာ ပြဿနာမရှိပါဘူး " လို့ပဲ ဘာသာ​လေးပြန်​ပါရ​စေ ... ​ဆောင်​ပုဒ်​​လေးအတိုင်းပဲ ဇာတ်​လမ်းအကျဉ်းက​တော့ Ja ဆိုတဲ့ အမျိုးသမီးက အစအစ အရာအရာ ပြည့်​စုံတဲ့သူတ​ယောက်​ပါ ... သူမရဲ့ အသက်​ ၃၀ ပြည့်​​မွေး​နေ့ မှာ သူမချစ်​ရတဲ့သူနဲ့ ​ဝေးကွာသွားခဲ့ရတယ်​ .. ​သူမ ​ကောင်​​လေးကို ချစ်​တဲ့စိတ်​ လွမ်းတဲ့စိတ်​​တွေကို အံတု​ကျော်​ဖြတ်​ရင်း တနှစ်​ဆိုတဲ့ အချိန်​ကာလ တစ်​ခုကို ​ကုန်​ဆုံးလာခဲ့တယ်​ ...သည်​လိုနှင့်​ အသက်​ ၃၁ နှစ်​ ​မွေး​နေ့မှာ သူမထက်​ အသက်​ ၇ နှစ်​ ငယ်​တဲ့​ကောင်​လေးတ​ယောက်​ကို ကံကြမ္မာက သူမထံ ပို့​ဆောင်​​ပေးခဲ့ပါတယ်​ ... ထို​ကောင်​​လေးကလဲ ​မ​မျှော်​လင့်​ပဲ သူမအား ချစ်​မိသွားတဲ့ အခါ ဘာ​တွေဆက်​ဖြစ်​မလဲ ?
ကောင်​မ​လေးက​ရော သူမရဲ့ အရင်​ချစ်​သူကို ​မေ့ပစ်​နိုင်​မှာလား ?
သူမထက်​ အသက်​ ၇ နှစ်​ငယ်​တဲ့ ​ကောင်​​လေးရဲ့ အချစ်​ကို​ရော လက်​ခံ​ပေးနိုင်​မလား ? ဆိုတာကို​တော့ ဇာတ်​​လမ်းကို ဆက်​ပြီး ကြည့်​ရှုခံစားလိုက်​ပါဦး​နော်​ ... ဟာသဆန်​ဆန်​ ရိုက်​ကူးထားတာဖြစ်​တဲ့အတွက်​ ကြည့်​​နေရင်းနဲ့ကို ​ပျော်​ရွှင်​မှုကို ခံစား​စေရမှာပါ ...

Rating အ​နေနဲ့က​တော့ IMDb မှာ 6.6/10 ရရှိထားတဲ့ ဇာတ်​ကား​လေးပါ ... ကြည့်ရှုခံစားကြပါဦးနော် ...


Country            : Thailand
Genre               : Comedy , Romance
Type                : Movie
Translator         : VinyL 
Encoder           : LoL



Share this article :

+ comments + 2 comments

August 6, 2016 at 5:40 PM

Small file size

August 7, 2016 at 7:15 PM

very good...

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Myanmar Asian TV Channel - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger