Touching You ( 2016 ) - မြန်မာစာတန်းထိုး



တနေ့လာလဲ Moon တွေ တနေ့လာလဲ စင်ဒရဲလားတွေ အဲ့ဇာတ်လမ်းတွေကိုပဲ ကြည့်ရတာ ငြီးငွေ့လာတဲ့ သူတွေအတွက်ပါ ...

Touching You လို့ခေါ်တဲ့ Web Drama လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ ... Romance , Comedy , Supernatural ဇာတ်လမ်းပုံစံလေးပါ ... မင်းသား အနေနဲ့ 2PM အဖွဲ့ အဆိုတော်တယောက်ဖြစ်တဲ့ Ok Taec Yeon ပါ ... အရင်ကတင်ထားခဲ့ဖူးတဲ့ Let's Fight Ghost ကားထဲက မင်းသားဆိုလဲ မမှားပါဘူး ... ခေါင်းဆောင်မင်းသမီးအနေနဲ့ကတော့ ချစ်စရာကောင်းလွန်းလှတဲ့ မင်းသမီး Song Ha Yoon တို့က ပါဝင်သရုပ်ဆောင်ထားပါတယ် ... ...

ဇာတ်လမ်းအကျဉ်းကတော့ - ဒိုဂျင်ဝူး ( Ok Tae Yeon ) တယောက်သာ လူတယောက်ကို ထိလိုက်တာနဲ့ ထို သူရဲ့မကြာခင်ဖြစ်လာမယ့် အနာဂတ်ကို ကြိုမြင်နိုင်တဲ့ သူတယောက်ပါ ... တနေ့ ဂျင်ဟေးရောင်း ( Song Ha Yoon ) က ဒိုဂျင်ဝူး ဆီမှာ ဗေဒင်လာမေးတဲ့အခါမှာတော့ ... ဒိုဂျင်ဝူး အနေနဲ့ သိပ်မကြာခင်မှာပဲ ဂျင်ဟေးရောင်း တယောက် လှေကားပေါ်ကနေပြုတ်ကျပြီး သေမယ်ဆိုတဲ့ အမြင်အာရုံတစ်ခုကို ခံစားလိုက်ရပါတယ် ... ဒါ့ကြောင့် ဂျင်ဟေးရောင်း ရဲ့ အသက်အန္တရာယ်ကို ကာကွယ်ဖို့အတွက် ချဉ်းကပ်ပြီး ကြိုးစားပါတော့မယ် ... ဂျင်ဟေးရောင်း ကလဲ ချစ်ရတဲ့သူရှိပြီး ချစ်ရသူထံမှ လက်ထပ်ခွင့်တောင်းလာမယ့်အချိန်ကို စောင့်ရင်း ဘူ နေသူတယောက်ဖြစ်ပါတယ် ... နောက်ပိုင်းမှာ ဒိုဂျင်ဝူး ကလဲ ဂျင်ဟေးရောင်း ကို ဘယ်လို ကာကွယ်ပေးသွားမလဲ .... ဂျင်ဟေးရောင်း ရဲ့ အချစ်ရေးကရော ဘယ်ဆက်ဖြစ်သွားဦးမလဲ ဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာ ဆက်ပြီး ခံစားကြည့်ရှုပေးကြပါဦးနော်

ဇာတ်လမ်းတွဲအရှည်ကြီးတွေလို မဟုတ်ပဲ Web Drama ဖြစ်တာကြောင့် ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ရမယ့် ဇာတ်လမ်းအမျိုးအစားလေးပါလို့ အကြံပေးပါရစေ.... အားလုံး ၁၂ ပိုင်းရှိပြီး မကြာခင်မှာပဲ အပိုင်းစုံ တင်ပေးသွားပါ့မယ် ...


Country             : Korean
Type                 :  Web Drama
Episodes           : 12
Genre               :  Romance , Youth , Comedy , Supernatural
Translator         :  KAUNG MIN SET
Encoder            :  LoL




Share this article :

+ comments + 8 comments

October 1, 2016 at 12:35 AM

good
ဖြစ်နိုင်ရင် တစ်နေ့တစ်ပိုဒ်တော့တင်ပေးပါ

October 1, 2016 at 1:05 PM

P CLOUD LINKနဲ့လည်းတင်ပေးပါလား

October 3, 2016 at 8:09 PM

အပိုင်း၁ကနေ၈အထိ VIP Link နဲ့တင်ပေးပါလားplease

October 4, 2016 at 12:27 PM

အပိုင်း11 downလို့မရဘူး

October 4, 2016 at 12:55 PM

Uploading လုပ်တုန်းမို့ပါ sis

October 4, 2016 at 1:48 PM

ရသွားပီ။thanks bro

October 9, 2016 at 7:42 AM

Hello admin,i have to request for episode 11 & 12 uploaded by p cloud link!!Thanks!!

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Myanmar Asian TV Channel - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger