On the Way to the Airport ( 2016 ) - မြန်မာစာတန်းထိုး




ဒီဇာတ်လမ်းလေးကိုတော့ သာမန် အရင်တင်နေကြ လူငယ်သရုပ်ဆောင်တွေမဟုတ်ပဲ လူလတ်ပိုင်းသရုပ်ဆောင်တွေဖြစ်တဲ့ Lee Sang Yoon နဲ့ Kim Ha Neul တို့က Main Actor နဲ့ Actress နေရာကနေ ပါဝင်ထားပါတယ်  ...

ဇာတ်လမ်းအကျဉ်းလေးကတော့ - အမှန်ဆို ကျွန်တော်လဲ တပိုင်းလောက်ပဲ ကြည့်ရသေးတော့ သိပ်မပြောတတ်ဘူးဗျ 😂😂 ... သိသလောက်ကတော့ ဒီဇာတ်လမ်းလေးဟာ လေယာဉ်မယ်တစ်ယောက်ရဲ့ ဘဝကို အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်  .... လေယာဉ်မယ် တယောက်ဖြစ်တဲ့ ချွဲဆွန်းအာ ( Kim Ha Neul ) မှာ သမီးလေးတယောက်ရှိပြီး ထိုသမီးလေးကို Malaysia ကို ကျောင်းသွားထားဖို့ စီစဉ်ခဲ့ပါတယ်  ... ကလေးက မသွားချင်ပေမဲ့လဲ ဇွတ်ပို့တာပေါ့ ( ဒီခေတ် မိဘတွေ 😌😌 😝😝 ) .... အဲ့တော့ ကလေးက ဟိုရောက်တော့ အခန်းဖော် ကောင်မလေး တယောက် သူ့လိုပဲ Korea ကနေ ကျောင်းလာတက်တဲ့ အခန်းဖော် တယောက်နဲ့ ခင်သွားပါလေတော့တယ်  ... ဒါနဲ့ အဲ့အခန်းဖော် ကောင်မလေးရဲ့ talkie တွေက လန်းတယ်ဗျ ကြည့် ကြည့်လိုက်  ... ကိုတောင် ကြွေသွားတယ် 😂😂 ... တိုက်ဆိုင်တာတစ်ခုကဗျာ ကျွန်တော်ထင်တာတော့ ကောင်မလေး နှစ်ယောက်လုံးက တယောက်က အမေ က ဂရုမစိုက်ဘူး အဖေ က အရမ်းချစ်ပြီး ဂရုစိုက်တယ်  ... နောက်တယောက်ကျ အမေ က ဂရုစိုက်ပြီး ချစ်တယ် အဖေ က ကျတော့ ပစ်ပယ်ထားတယ် အဲ့လိုမျိုးဗျ  .... ပြီးတော့ နှစ်ယောက်လုံးရဲ့ မိဘတွေကလဲ Architect နဲ့ အနုစိတ်ပညာရှင်  ... လေယာဉ်မယ် နဲ့ လေယာဉ်မှူး  ... အဲ့လိုတွေဆိုတော့ တစ်ယောက် အလုပ်ပြီးရင် တယောက်က အလုပ်သွား အဲ့လိုတွေနဲ့ပဲ တယောက် နဲ့ တယောက် အနေဝေးပြီး သွေးအေးတဲ့ ပုံစံလေးပေါ့  ... တပိုင်းပဲ ကြည့်ရတော့ သိပ်မပြောတတ်သေးတာနဲ့ အပိုင်း ၁ မှာ တွေ့ရတာတွေ လျှောက်ရေးလိုက်တယ်  .... ဒါပေမဲ့  ကြည့် ကြည့်လိုက်ပါ ဇာတ်လမ်းကောင်းတစ်ခုဖြစ်တာကိုတော့ အာမခံပါတယ်  ...

Rating အနေနဲ့ကတော့ Viki မှာ 9.5/10 တောင် ရထားတာနော်  ... ကြည့်ရှုနှုန်းကလဲ Moon တွေ လိုက် မများပေမဲ့ မတိမ်းမယိမ်းလေးတွေ  ... ဒါ့ကြောင့် အားပေးကြပါဦးလို့ မှာကြားရင်း review လေးကို ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတော့တယ်  ....


Share this article :

+ comments + 19 comments

October 3, 2016 at 9:58 PM

နောက်အပိုင်းလေးတွေတင်ပေးပါဦး

October 5, 2016 at 9:03 AM

တင်ပေပါအုံး

October 11, 2016 at 10:06 PM

ကျန်တဲ့အပိုင်းလေးတွေ ဆက်တင်ပေးပါအုံး စောင့်နေပါတယ်

October 12, 2016 at 1:49 AM

အပိုင်းသစ်တွေ မြန်မြန်လေးတင်ပေးပါ Please

October 17, 2016 at 12:19 AM

အသစ်မတင်တော့ဘူးလား

October 20, 2016 at 2:03 AM

ဆက်တင်ပေးပါ ကြိုက်ပါတယ်ရှင့်

October 23, 2016 at 8:36 PM

ဆက်တင်ပေးပါဦးရှင့်.... ဒီကားလေးအရမ်းကောင်းပါတယ်... THANKS MMATV!!!^^

October 24, 2016 at 8:09 PM

Thanks a lot

October 30, 2016 at 8:15 PM

Vip linkဆွဲလို့မရပါ.ဘယ်လိုလုပ်ရမလဲ.ပြောပေးပါ

October 30, 2016 at 8:57 PM

pCloud Link တင်ပေးပါ Please

October 31, 2016 at 1:47 AM

Pcloud link နဲ့ တင်ပေးပါ လား please

November 1, 2016 at 9:56 PM

VIP Link က ဘယ်လို Down ရတာပါလဲ

November 6, 2016 at 3:43 AM

Episode 6 ဆွဲလို့မရပါ

November 6, 2016 at 6:48 PM

Pls let me know how to download V.I.P link

November 6, 2016 at 7:18 PM

Episode 6 ကို pcloud Link တင်ပေးပါအုံး

November 7, 2016 at 8:34 AM

8 ဆက်တင်ပေးပါ

November 14, 2016 at 9:45 PM

Thank you for ep-6

November 21, 2016 at 3:24 AM

ကြည့်​ပြီးဆန့်​ငင်​ဆန့်​ငင်​ဖြစ်​​နေပါတယ်​​ဗျို့အပိုင်းသစ်​​တွေထပ်​မတင်​​တော့ဘူးလားဟင်

December 4, 2016 at 6:49 PM

Eng sub nae ep16 hti htwet pp admin do yay... please ep11 to 16 par naw :D

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Myanmar Asian TV Channel - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger