Friday, October 28, 2016

Big Bang MADE the Movie ( 2016 ) - မြန်မာစာတန်းထိုး

Edit Posted by with 1 comment


ဒီ poster နဲ့ နာမည်ကို တွေ့လိုက်တာနဲ့ ဘယ်လိုမျိုးလဲ သိတဲ့သူကတော့ သိကြမှာပါနော် ... အထူးသဖြင့် Big Bang Fan တွေအနေနဲ့ကတော့ ရုံတင်တုန်းကလဲ သွားကြည့်ပြီးသား ဖြစ်ကြမှာပါ ... အခုချိန်မှာတော် ကျွန်တော် MyanmarAsianTV Channel ကနေ မြန်မာစာတန်းထိုးဖြင့် တင်ဆက်လိုက်ရပါတယ် ... Blue-ray ကွာလတီ မဖြစ်သေးပဲ DVD rip အထိသာ ရှိသေးတာကြောင့် Quality ကတော့ အရင် တင်နေကြ ဇာတ်ကားတွေလောက် ကောင်းမှာမဟုတ်ပါဘူး ... Blue-ray ထပ်ထွက်ဖြစ်ခဲ့ရင်လဲ Blue-ray ကွာလတီ နဲ့ အကောင်းဆုံး တတ်စွမ်းသလောက် encode လုပ်ပြီး ကြည်ကြည်လင်လင် ကြည့်လို့ရအောင် ထပ်မံ တင်ဆက်ပေးသွားပါ့မယ် ...
BIG BANG MADE Movie ဟာဆိုရင်ဖြင့် BIG BANG ရဲ့ ၁၀နှစ်တာ ခရီး အဖြစ် ကမ္ဘာ အရပ်ရပ်က ပရိသတ် တွေအတွက် ကြိုးစားလုပ်ထားတာပါ ဒီ Movieကနေ အဖွဲ့ဝင်၅ဦးရဲ့ နောက်ကွယ်က ဘဝ တစေ့တစောင်းကို သိနိုင်မှာပါ ...
ပရိသတ်ကို ဟန်ဆောင်ပန်ဆောင်ရိုက်ထားတာမဟုတ်ဘဲ သူတို့ရဲ့ တစ်နှစ်ကျော်ကြာတဲ့ MADE Tour တောက်လျှောက် မှတ်တမ်းတင်ရိုက်ကူးမှုတွေရယ် အပိုင်းတိုင်းနဲ့ ကိုက်ညီတဲ့ သူတို့ရဲ့ သီချင်းတွေနဲ့ Tour တောက်လျှောက်ဖျော်ဖြေမှုတွေရယ်ကို ရောမွှေပြီး ကြည်နူးစရာ ရယ်မောစရာ ဝမ်းနည်းစရာ ရသစုံကို ပေးစွမ်းနိုင်မှာပါ ...
တကယ့်ရှိုးကြည့်နေသလို ရသအပြည့်ကို ခံစားရမှာပါ ...
Ratings အနေနဲ့ကတော့ IMDb မှာ 9/10 ထိတောင် ရရှိထားပါတယ် ... Documentary Film ပုံစံမျိုး ရိုက်ကူးထားခြင်း ဖြစ်ပါတယ် ... အားလုံးခံစားကြည့်ရှုလိုက်ကြပါဦးနော် ...






1 comment: