Saturday, October 22, 2016

Into The Forest Of Fireflies' Light ( 2011 ) - မြန်မာစာတန်းထိုး

Edit Posted by with No comments

 Time might separate us some day.But, even still, until then, let's stay together.
.
.
.
"Into The Forest Of Fireflies' Light"

လူတိုင်းအချစ်ဦးနဲ့ကြုံတွေ့ခဲ့ဖူးကြမှာပဲနော် ... သူကိုယ့်ဘဝထဲကိုဘယ်လိုဝင်လာတယ် ... ဘယ်လိုပြန်ထွက်သွားတယ် ဆိုတာသာမတူကြတာ .... လူတိုင်းတော့ မေ့မရတဲ့အချစ်ဦးရှိခဲ့ကြမှာပဲ ...
ဒီဇာတ်လမ်းက မိန်းကလေးတစ်ယောက်ရဲ့အချစ်ဦးတစ်ယောက် အကြောင်းပါ ... တောအုပ်ထဲမှာလမ်းပျောက်သွားခဲ့တဲ့အသက်ခြောက်နှစ်အရွယ်ကလေးမလေးတစ်ယောက် ... သူ့ကိုကူညီခဲ့တဲ့တောအုပ်ထဲကထူးဆန်းတဲ့မိတ်ဆွေ ... သူတို့နှစ်ယောက်ကြားက သံယောဇဉ် မေတ္တာ ချစ်ခြင်းတွေက ခြားနားထားတဲ့စည်းတွေကြားမှာ ဘယ်လိုပုံစံနဲ့ ရှင်သန်ပေါက်ဖွားလာသလဲဆိုတာကို ကြည့်ရမှာပါ ... တစ်ခါတစ်လေတော့ အချစ်ဆိုတာ လူတစ်ချို့အတွက်တော့ ချစ်နေရရုံနဲ့လုံလောက်တဲ့အရာမျိုးပါပဲ .... သူ့ကိုတွေ့ခွင့်မရရင်တောင်မှ.. သူ့ကို တို့ထိခွင့်မရရင်တောင်မှလေ...
2002 ခုနှစ်မှာ Yuki Midorikawa ရေးတဲ့ one shot manga ကို Anime Film အဖြစ် 2011 မှာပြန်လည်အသက်သွင်းထားတာပါ ... စာအုပ်ကိုစတင်ဖြန့်ချီတဲ့ ပထမအပါတ်မှာတင် copies ပေါင်း 4064 အထိ ရောင်းချခဲ့ရပါတယ်. ကြာချိန် 44 မိနစ်သာရှိပေမယ့် ဒီဇာတ်ကားလေးဟာ 2011 Scotland Loves Animation ကပေးတဲ့ Jury Prize နဲ့ 66 ကြိမ်မြောက် Mainichi Film Award ကချီးမြင့်တဲ့ Animation Film Award ကိုရရှိထားတဲ့ ဇာတ်ကားကောင်းလေးပါ.. အားလုံးလည်းနှစ်သက်ကြမှာပါ..
အဲ့ဒီတော့..အခုလိုမိုးအေးအေးအချိန်လေးမှာ ဒီဇာတ်ကားလေးကြည့်ရင်း ကိုယ့်အချစ်ဦးကိုလည်း ပြန်သတိရလိုက်ကြရအောင်လားနော် ...
ကျွန်တော်တို့ Anime ဘက်မှာ 1st step အနေနဲ့ '' Hitarubi no Mori e '' ဆိုတဲ့ Anime ဇာတ်လမ်းလေးကို တင်ဆက်လိုက်ရပါတယ် ... အားပေးမှု ရရှိရင်တော့ နောက်ထပ် Anime ဇာတ်လမ်းလေးတွေကို တင်ဆက်သွားနိုင်အောင် ကြိုးစားပါ့မယ် ....
လောလောဆယ်တော့ အချစ်ဦးလေးကို သတိရဖို့အတွက် ကြည့်ရှုလိုက်ကြရအောင်နော် ...




 

0 comments:

Post a Comment