Wolf Girl and Black Prince ( 2016 ) - မြန်မာစာတန်းထိုး


ဇာတ်လမ်းရဲ့အဓိကမင်းသားအဖြစ် Kento Yamazaki ကို Black Prince ပုံစံဖြင့်တွေ့မြင်ရမှာဖြစ်ပါတယ်.. ဒီနာမည်ကြားရင် J-movies fan တွေမသိသလောက်ရှားပါတယ်.. အဓိကမင်းသမီးအဖြစ် Fumi Nikaido ကသရုပ်ဆောင်ထားပါတယ်..
manga series အဖြစ်လူကြိုက်များအောင်မြင်ခဲ့သလို live action အဖြစ်ပြန်လည်အသက်သွင်းခဲ့ရာမှာလည်းအထူးအောင်မြင်ခဲ့ပါတယ် ...
ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ - အဲရိက ဆိုတဲ့ကောင်မလေးဟာ ... သူ့ကျောင်းကအချစ်ကျမ်းကျေနေတဲ့အတန်းဖော်သူငယ်ချင်းတွေကြားထဲဝင်ဆံဖို့ ... ချစ်သူရှိတယ်လို့ညာပြောထားပါတယ် ... သူ့မှာချစ်သူရှိတာ သူငယ်ချင်းတွေ တကယ်မယုံမှန်းသိတဲ့အခါ ... သက်သေပြဖို့အတွက် ချစ်သူတစ်ယောက်ရှာဖို့လိုလာပါတော့တယ် ... တစ်နေ့ သူမသောက်နေတဲ့ကော်ဖီဆိုင်ရှေ့ကနေဖြတ်သွားတဲ့ ကောင်လေးချောချောလေး တစ်ယောက်ကိုတွေ့လိုက်တဲ့အချိန်မှာတော့ ... တုံ့ဆိုင်းမနေပဲ ဓာတ်ပုံရိုက်ဖို့ အပြေးလိုက်သွားပါတယ်.. ဘယ်သူမှမသိလောက်ဘူး အထင်နဲ့ သူမချစ်သူလို့ပြောဖို့အကြံနဲ့ပါ..(ဒီအခန်းမှာလုပ်သွားတဲ့အကွက်လေးကို အတုယူထားသင့်ပါတယ်😁) တကယ်တမ်းကျတော့ သူမစီစဉ်ထားသလိုဖြစ်မလာပဲ မထင်မှတ်ထားတဲ့ကိစ္စလေးတွေဖြစ်လာတဲ့အခါ....။ဘာတွေဆက်ဖြစ်မလဲဆိုတာကိုသိချင်ရင်တော့ အမြန်ဆုံးဒေါင်းပြီးသာကြည့်လိုက်ကြပါ.😁 အားလုံးသဘောကျကြိုက်နှစ်သက်မယ့်ဇာတ်လမ်းကောင်းလေးပါ ...
Rating အနေနဲ့ကတော့ IMDb မှာ 6.2/10 ရရှိထားပါတယ် ... Rating အရ နည်းတယ်ထင်ရပေမဲ့ လူငယ်တွေကြိုက်နှစ်သက်မယ့် ဇာတ်လမ်းလေးတစ်ခုဆိုတာကိုတော့ အာမခံပါတယ်ဗျာ .



Share this article :

+ comments + 1 comments

October 21, 2016 at 8:44 AM

Why traffic downloading ????

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Myanmar Asian TV Channel - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger