My Bebe Love ( 2015 ) - မြန်မာစာတန်းထိုး


ကိုရီယားတွေ တရုတ်တွေ ဂျပန်တွေ ကြည့်ရတာ ငြီးငွေ့လာသူများအတွက် '' My Bebe Love '' လို့ခေါ်တဲ့ Philippines ရုပ်ရှင်လေး တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ ... ဇာတ်လမ်းအမျိုးအစားလေးကတော့ Romance / Comedy ဇာတ်လမ်းလေးပါ ... ဖိလစ်ပိုင် ဖိလစ်ပိုင် လို့ တကြော်ကြော်အော်နေကြတဲ့ ပရိသတ်တွေလဲ ကြည့်လို့ရပြီပေါ့နော် ...

 ဇာတ်လမ်းအကျဉ်းလေးကတော့ - Anna နဲ့ Dondi ဆိုတဲ့ ကောင်မလေး နဲ့ ကောင်လေးရှိပါတယ် ... Anna ဆိုတဲ့ ကောင်မလေးက ဖခင်ဖြစ်သူ ရဲ့ ဆုံးမအုပ်ထိန်းမှု ချုပ်ချယ်မှု လောင်းရိပ်အောက်မှာ ပိတ်မိနေတဲ့ ကောင်မလေးပေါ့ ... Dondi ဆိုတဲ့ ကောင်လေးကလဲ အဒေါ်ဖြစ်သူရဲ့ စကားကို မလွန်ဆန်နိုင်သော သူတစ်ယောက် ....
ထိုကဲ့သူ မလွတ်မလပ် ဖြစ်နေတဲ့ ကောင်လေး နဲ့ ကောင်မလေး နှစ်ယောက် ဆုံမိပြီး ချစ်ကြိုက်သွားသောအခါ ... ... ...

 ကောင်လေးရဲ့ အဒေါ် နဲ့ ကောင်မလေးရဲ့ အဖေ က အရင်တချိန်က ကြောင် နဲ့ ကြွက်လို မျက်နှာမြင် မတည့်ကြတဲ့ ရန်သူ နှစ်ယောက် ...

Anna နဲ့ Dondi တို့ နှစ်ယောက် ဘယ်လိုရှေ့ဆက်ကြမလဲ ? လူကြီးတွေကြောင့် သူတို့နှစ်ယောက် ဝေးပဲဝေးရမှာလား ? ဘာဆက်ဖြစ်ကြမလဲ ? ဆိုတာကို ဟာသ အနှောလေးတွေနဲ့ ရိုက်ကူးထားတာမို့ စိတ်ဝင်စားဖို့ ကောင်းပြီး ရီမောရစေမှာတော့ အမှန်ပါပဲ ...
ကဲ အားလုံးပဲ ခံစားကြည့်ရှုလိုက်ကြပါဦးနော် ....




Comments