PUCK! ( 2016 ) - မြန်မာစာတန်းထိုး






ပထမဆုံး မေးချင်တာကပေါ့နော် .... ဒီ page ကို အားပေးတဲ့သူတွေထဲမှာ Lee Kwang Soo's Fan ရှိကြလား 😂 ... ရှိရင်လာကြတော့နော် ... Kwang Soo's Fan တွေ တောင်းဆိုချက်အရ '' Puck '' ဆိုတဲ့ mini series လေးကို တင်ဆက်လိုက်ရပါတယ် ... အကြောင်းကြောင်း အမျိုးမျိုးကြောင့် အခုချိန်မှ တင်ဆက်ပေးလိုက်နိုင်တဲ့အတွက် စိတ်မဆိုးဖို့ကိုလဲ မေတ္တာရပ်ခံပါရစေနော် ....

ဇာတ်လမိးအကျဉ်းလေးကတော့ - ဂျိုမန်​ ( Lee Kwang Soo ) က သူ့ဇနီးရဲ့ အ​ကြွေးတွေကိုဆပ်​​ပေးဖို့ အ​ကြွေးရှင်​ဆီမှာ လူယုံတစ်​​ယောက်​အဖြစ်​အလုပ်​လုပ်​ရပါတယ်​ ....
တစ်​​နေ့ သူအ​ကြွေး​တောင်းရင်း လူတစ်​​ယောက်​ကို သတိမိမလိုဖြစ်​သွားတဲ့အခါ ... ?
သူအ​ကြွေးသွား​တောင်းရတဲ့ ​ဟော်​ကီနည်းပြဟာ အ​ခြေအ​နေအမျိုးအမျိုး​ကြောင့်​ အသင်းကို ဖျက်​သိမ်းဖို့တွန်းအား​ပေးခံ​နေရပြီး..ကစားပွဲ​တွေဆက်​ကစားရန်​ လူတစ်​​ယောက်​လိုလာ​သောအခါ...
ဂျိုမန် ( Kwang Soo ) က အ​ကြွေးရဖို့ ​ဟော်​ကီအသင်းက ဒဏ်​ရာရထားတဲ့ ကစားသမား​ယောင်​​ဆောင်​ပြီး အသင်းမှာ ဝင်​ကစားခဲ့တယ်​...
သူတို့အသင်းကိုဖျက်​ပစ်​ချင်​​နေတဲ့ ​ခေါင်း​ဆောင်​က ဒီအ​ကြောင်း​တွေသိသွားမှာလာ...
သနားတတ်​တဲ့ ဂျိုမန် က​ရော ​ကောင်​မ​လေးတစ်​​ယောက်​နဲ့​တွေ့တဲ့အခါ...
ဘယ်​လို​တွေဆက်​ဖြစ်​ကြမလဲဆိုတာကိုတော့ '' PUCK '' ဆိုတဲ့ ဒီဇာတ်ကားလေးမှာ ပါဝင်ခံစား စီးမြောလိုက်ကြပါဦးနော်...

Main Cast တွေကတော့ - Main Actor အနေနဲ့ Lee Kwang Soo နဲ့ Kwak Dong Yeon တို့ ပါဝင်သရုပ်ဆောင်ထားပြီး Main Actress အနေနဲ့ကတော့ မင်းသမီး Sohn Su Hyun တို့က ပါဝင်သရုပ်ဆောင်ထားပါတယ် ...

Rating အနေနဲ့ကတော့ IMDb မှာ 8.2/10 ရရှိထားပြီး Viki မှာ 9.5 ရရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ခုဖြစ်ပါတယ် ...


Share this article :

+ comments + 2 comments

October 10, 2016 at 3:56 AM

Episode ဆက်တင်ပေးပါဦး

October 21, 2016 at 10:09 PM

ဆက်လဲ မတင်ပေးထားဘူးဗျာ စောင့်နေရတာကြာပေါ့

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Myanmar Asian TV Channel - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger