Secretly , Greatly ( 2013 ) - မြန်မာစာတန်းထိုး


ဒီဇာတ်ကားလေးကိုတော့ My Love From The Star , Dream High စတဲ့ ဇာတ်လမ်းတွေမှာ ကျော်ကြားအောင်မြင်ခဲ့တဲ့ Kim Soo-Hyun , Moorim School , Northern Limit Line အစရှိတဲ့ Movie / Series တွေမှာ ကျော်ကြားတဲ့ Lee Hyun-woo နဲ့ The Slave Hunters , War of the Arrow အစရှိတှဲူ့သိများတဲ့ ဇာတ်ကားတွေမှာ ပါဝင်သရုပ်ထားတဲ့ Park Ki-woong အစ ရှိတယ့် မင်းသား သုံးလတ်ပါဝင် သရုပ်ဆောင်ထားပါတယ် ... ( ပြောချင်တာတော့ အကုန်နာမည်ကြီးတွေပေါ့ ) 😂😂

Kim Soo-hyun က မြောက်ကိုးရီယား လျှို့ဝှက်တပ်ဖွဲ့က ဗိုလ်တစ်ယောက်ပေါ့ ... တနေ့ သူနဲ့တခြားတယောက်ကို စပိုင်အနေနဲ့ တောင်ကိုးရီယားကိုလွှတ်လိုက်တယ် ... သူတို့ကို စမ်းတာပေါ့ ... သစ္စာရှိလားမရှိလားလို့ ....တောင်ကိုးရီးယားမှာနေတာ နှစ်နှစ်ကြာလာတော့ မြောက်ကိုးရီးယားက သူ့သူငယ်ချင်းနဲ့ သူ့လူယုံတော်လို့ဆိုရမယ့်ကောင်လေးတစ်ယောက်ရောက်လာတယ် ... သူ့သူငယ်ချင်းက ဗိုလ်ကြီးသားဆိုပြီး မြောက်ကိုးရီးယားမှာအခန့်သားထိုင်မနေချင်လို့ရောက်အလာ ... ဟိုကောင်လေးက သူတို့နှစ်ယောက်ကို သတ်ဖို့ခိုင်းခံရတဲ့သူ ... ဒါပေမဲ့ အဲ့ကောင်လေးက သူကို အရမ်းလေးစားတော့ မကြာဘူး သူ့လူဖြစ်သွားတယ် .... သူတို့သုံးယောက် ပျော်ပျော်ကြီးနေနေတုန်းမှာပဲ သူတို့တွေ သေဒဏ်ပေးတဲ့စာရောက်လာတယ့်အခါ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ခံစားကြည့်ရှုလိုက်ကြပါဦးနော် ... နည်းနည်းတော့ review က ရှုပ်သွားတယ် ... ဒါပေမဲ့ ကြည့်ကြည့်လိုက်ပါ ... နာမည်ကြီး မင်းသားတွေ ပါဝင်ထားတဲ့ ကားဆိုတော့ မြန်မာကားလို ပေါမှာမဟုတ်မှာတော့ အမှန်ပဲ ( စတာ 😝 ) ...

အားလုံးခံစားကြည့်ရှုလိုက်ကြပါဦးနော် .... အပိုတွေမပြောဘူး တကယ်ကောင်းတာ 😉😉😉 ... rating အနေနဲ့ကတော့ IMDb မှာ 6.8/10 ရရှိထားပါတယ် ....






Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Myanmar Asian TV Channel - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger