Virgin Snow ( 2007 ) - မြန်မာစာတန်းထိုး



ဒီကားကတော့ ပရိသတ်ကြီးကို surprise များ ဖြစ်မလားဆိုပြီး လုပ်ကြည့်တာပါ ( MoonLover မှာ Lee JoonGi ပရိသတ်များတော့ ကြိုက်မလားလို့ပါ မဖြစ်လဲမတတ်နိုင် 😝 ) .... အင်းပေါ့ Lee JoonGi ကား .... Lee JoonGi ကားတောင်မှ သာမန်ဇာတ်ကားမဟုတ်ပဲ သူ့ကို ကိုရီယားမှာတင်မကပဲ ဂျပန်မှာပါ နာမည်ပိုကြီးသွားစေတဲ့ ဇာတ်ကားလေးပါ .... နာမည်ကတော့ Virgin Snow လို့ အမည်ရပါတယ် .... Japan မင်းသမီးလေး Aoi Miyazaki နဲ့ တွဲဖက်ကာ ရိုက်ကူးထားပါတယ် ...
ဇာတ်လမ်းအကျဉ်းလေးကတော့ - နိုင်ငံတွေ လူမျိုးတွေ မတူပေမယ့် တကယ်ချစ်လာပြီဆိုရင် လူနှစ်ဦးရဲ့ နှလုံးသားက တစ်ယောက် ခံစားချက်ကို တစ်ယောက်သိလာကြပါတယ် ... ဒီဇာတ်ကားလေးမှာဆိုရင်လဲ မင် ( Lee JoonGi ) က သူ့ အဖေရှိတဲ့ ဂျပန်ကိုလိုက်ပြီး ကျောင်းတက်ရင်း ဂျပန်ကောင်မလေးတစ်ယောက်ကို အချစ်စစ်နဲ့ ချစ်မိသွားပါတော့တယ် ... နှစ်ယောက်သား ဘာသာ စကားတွေသင်ယူရင်း ရင်းနှီးလာကြပါတယ်. .ဒါပေမယ့် ကောင်မလေးရဲ့ မိသားစု အခြေအနေကြောင့် ခွဲခွာသွားပြီးတဲ့နောက် မှာ မင် တစ်ယောက် သူ ချစ်တဲ့သူအတွက်ဘယ်လိုတွေ ခံစားရမလဲဆိုတာ စောင့်ကြည့်ရမယ့် ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ် . . .
Romance ကားလေးဖြစ်ပြီး နိုင်ငံမတူ ဘာသာစကားမတူတဲ့ကြားက တစ်ယောက်ကို တစ်ယောက်ဆက်သွယ်တာတွေ ... ခွဲခွာသွားကြတာတောင်မှ ဘယ်လောက်ထိဆက်ချစ်ပြီး ဘယ်လိုတွေ ဖြစ်မယ်ဆိုတာကိုတော့ '' Virgin Snow '' ဆိုတဲ့ ဒီဇာတ်လမ်းလေးထဲမှာ ဆက်လက် ကြည့်ရှုခံစားဖို့ တိုက်တွန်းပါရစေနော် ... အစပိုင်းမှာ ရီစရာ ဟာသလေးတွေလဲ ပါတယ်ဗျ 😂 ...
ပြီးတော့ အိုပါး Lee JoonGi ကိုလဲ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ကလေးဆန်ဆန် နုနုထွဋ်ထွဋ် ချစ်စရာလေးကို တွေ့ရတာပေါ့ ( Admin LoL တယောက် မိန်းကလေးတွေနေရာက ခံစားပြီးရေးသည် 😐 )
Rating အနေနဲ့ကတော့ IMDb မှာ 6.6 ရ ရှိထားပါတယ် ... ဇာတ်လမ်းကောင်းလေး တစ်ခုမို့လို့ အတတ်နိုင်ဆုံး ကြည့်ရှုကြဖို့ အကြံပြုချင်တာပါတယ်







Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Myanmar Asian TV Channel - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger