Murphy's Law of Love ( 2015 ) - မြန်မာစာတန်းထိုး





ဒီတစ်ခါ အသစ်တင်ဆက်ပေးချင်တဲ့ကားလေးက Taiwenese Romantic , Comedy ဇာတ်လမ်း အမျိုးအစားလေးပါ ...
ဇာတ်လမ်းအကျဉ်းလေးကို မိတ်မဆတ်ခင်မှာတော့ ပြောပြစရာတစ်ခုရှိပါသေးတယ် ... အဲ့တာကတော့ ဒီကားလေးဟာဆိုရင်ဖြင့် 2015 ခုနှစ်မှာ Best Kiss award နဲ့ Viewers choice drama awardကိုလဲရရှိထားပါတယ်နော် ( ကြည့်ကြည့်လိုက်ရင် ပိုသိလာမှပါ ရို ချက်က နိုင်း ကျော်ပီး ရောမဘက်ပါရောက်တယ် kiss scene တွေက 😝😝 )
ဇာတ်လမ်းအကျဉ်းလေးကတော့ - ချစ်သူနဲ့လမ်းခွဲခဲ့ရပြီး နောက်ထပ်ချစ်နိုင်ဖို့ ကြိုးစားနေတဲ့ စိတ်ရောဂါကုဆရာဝန်မလေး (or) အချစ်ရေးအတိုင်ပင်ခံ Dr.Love နဲ့ ... လက်ထပ်ခွင့်တောင်းဖို့စောင့်နေတဲ့ ချစ်သူကောင်မလေးရောက်မလာတဲ့အခါ အသည်းကွဲပြီး နောက်ထပ်မချစ်နိုင်တော့တဲ့ သူဌေးကောင်လေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးပါ ... အမြဲအလွဲလွဲအချော်ချော်ဖြစ်စေတဲ့ Murphy's law ရဲ့သဘောတရားလွှမ်းမိုးနေတဲ့ ကောင်မလေး ... အဲ့ဒီလိုကောင်မလေးနဲ့ ဇီဇာကြောင်ပြီး သီးသန့်ဆန်တဲ့ကောင်လေး ထိပ်တိုက်တွေ့ဖို့ အကြောင်းဖန်လာတဲ့အခါ ...
ကောင်မလေးက dating agencyတစ်ခုမှာ အချစ်ရေးအတိုင်ပင်ခံဖြစ်ပြီး ကောင်လေး သူတို့companyရဲ့မျက်စောင်းထိုးမှာ divorce agencyလာဖွင့်သောအခါ ...
သူတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက်မတည့်ကြသော်လည်း သူတို့ကြားမှာ ဘယ်လိုများ နောက်ထပ်အချစ်သစ်မွေးဖွားလာမလဲ ? ဆိုတာကို '' Murphy's Law of Love ဆိုတဲ့ ဒီဇာတ်ကားလေးကို ကြည့်ရှုပြီး ခံစားကြပါဦးနော် ...
Ratings အနေနဲ့ကတော့ Viki မှာ 9.3 တောင် ရရှိထားတဲ့ ဇာတ်ကားလေးပါ ... မင်းသား မင်းသမီးကလဲ အကုန်အချောနော် ... ခံစားကြည့်ရှုလိုက်ကြပါဦးလို့ ...

Comments

  1. Please upload other episode of this Drama Admin!

    ReplyDelete
  2. ဒီကားလေး ထပ်တင်ပေးပါဦး

    ReplyDelete
  3. ထပ်မတင်တော့ ဘူးလားလို့ပါ

    ReplyDelete
  4. အပိုင်းလေးတွေထက်တင်ပေးပါအုန်း Adminရေ

    ReplyDelete
  5. တငိပေးတော့ဘူးလား
    အသစ်တွေထက် ကျန်နေတဲ့အပိုင်းဆက်လေူတွေတင်ပေးပါလား

    ReplyDelete
  6. ကျန်နေတဲ့အပိုင်းဆက်လေူတွေတင်ပေးပါလား

    ReplyDelete

Post a Comment