The Black Devil and The White Prince ( 2015 ) - မြန်မာစာတန်းထိုး





ဒီဇာတ်လမ်းလေးကိုတော့ မင်းသား Nakajima Kento နှင့် Chiba Yudai တို့က ပါဝင်သရုပ်ဆောင်ထားပြီး မင်းသမီး အနေနဲ့ကတော့ Komatsu Nana က ပါဝင် သရုပ်ဆောင်ထားပါတယ် ... မင်းသားနှစ်ယောက် မင်းသမီး တစ်ယောက်ဆိုကတည်းက သုံးပွင့်ဆိုင် ဇာတ်လမ်းလေးဆိုတာ သိကြမှာပါနော် 😂 ...
ဇာတ်လမ်းအကျဉ်းလေးကတော့ - ယု အာကဟာနာ ( Komatsu Nana ) က သူမဘဝရဲ့ အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားဖို့အတွက် အဆောင် နဲ့ ကျောင်း ကို ရွှေ့ပြောင်းရပါတယ် ... အဲ့အချိန်မှာပဲ ဟယုတို ( Nakajima Kento ) လို့ခေါ်တဲ့ နတ်ဆိုးမင်းသား ( Black Devil ) နဲ့ တွေ့ခဲ့ပါတယ် ... နတ်ဆိုးမင်းသား ကတော့ အမြဲတမ်း ယု လေးကို အပေါ်စီးကနေ နေပြီး အနိုင်ကျင့်တာပေါ့ ... ပြီးတော့ တာကူမီ ( Chiba Yudai ) ကတော့ အဖြူရောင် မင်းသားလေး ( White Prince ) လေးပေါ့ ... အဖြူရောင် မင်းသားလေး ကတော့ ယု အပေါ်ကို အရမ်းကို ကြင်ကြင်နာနာ နွေးနွေးထွေးထွေးဆက်ဆံ ပေးတဲ့ ကောင်လေးပေါ့ ... အဲ့လိုနဲ့ပဲ ယု လေးက သူ့အပေါ်အမြဲ အထက်ဆီးကနေ အနိုင်ယူပြီး အနိုင်ကျင့်တတ်တဲ့ နတ်ဆိုးမင်းသားလေး ကိုပဲ ရွေးချယ်မလား ? သူမ အပေါ်မှာ ကောင်းပြီး ပျော်ရွှင်စရာတွေ ဖန်တီးဆောင်ကျဉ်းပေးတတ်တဲ့ အဖြူရောင် မင်းသားလေးကိုပဲ ရွေးမလားဆိုတာကိုတော့ '' The Black Devil And The White Prince '' ဆိုတဲ့ ဇာတ်ကားလေးကို ကြည့်ရှုလိုက်ကြပါဦးနော် ...
လူငယ်တွေကြားမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သုံးပွင့်ဆိုင် ဇာတ်လမ်းလေး တစ်ခုလဲဖြစ်ပါတယ် ... Fancy , Romance ဇာတ်ကားလေးမို့လို့ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုလို့ကောင်းမယ့် ဇာတ်ကားလေး တစ်ကားပါလို့လဲ အာမခံပါတယ် ...
ကဲ ပြောနေတာကြာတယ် ... အားလုံး ခံစားကြည့်ရှုလိုက်ကြရအောင်နော်




Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Myanmar Asian TV Channel - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger