Unforgettable ( 2016 ) - မြန်မာစာတန်းထိုး


ဇာတ်လမ်းအကျဉ်းလေးမပြောခင် '' Let's Fight Ghost '' ထဲက သရဲမလေး ကင်ဟွန်ဂျီ ( Kim So-hyun ) ကို မှတ်မိကြသေးလား 😁😁 ... သရဲမလေး နဲ့ kpop မှ Boy Group တစ်ခုဖြစ်တဲ့ Exo အဖွဲ့က အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ D.O တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်... ကျန်တဲ့ တခြား သရုပ်ဆောင်တွေလဲ ပါရှိပါသေးတယ် ...

ဇာတ်လမ်းအကျဉ်းလေးကတော့ - တစ်နေ့ရေဒီယို အစီအစဉ်တစ်ခုမှာ ကောင်လေးထံ စာတစ်စောင်ရောက်လာခဲ့ပါတယ် ... အဲ့စာလေးကတော့ လွန်ခဲ့တဲ့ သူတို့  ၂၃ နှစ် ... သူငယ်ချင်းတွေနဲ့ ပျော်ပါးခဲ့တဲ့ အကြောင်းတွေပေါ့ .... ပျော်ပျော်ပါးပါးနဲ့ နွေရာသီမှာ ပျော်ရွှင်ခဲ့ရတဲ့ အမှတ်တရတွေ ... အချစ်ဦးအကြောင်းရယ် ... စတဲ့ အရင်က အတိတ်ကို ပြန်လည်အမှတ်ရစေတဲ့ စာလေးတစောင်ပေါ့ ... ဇာတ်ကားလေးအတိုင်းပဲ တကယ့် မေ့ပစ်လို့မရနိုင်တဲ့ အတိတ်တွေပေါ့  ... ဘာတွေ ဘယ်လိုဖြစ်လဲဆိုတာ ပြောပြချင်ပေမယ့် ဇာတ်လမ်းလေးကို ကြည့်ပြီး ခံစားလိုက်တာ အကောင်းဆုံးဖြစ်မှာပါ 😉😉 ....

Rating အနေနဲ့ကတော့ IMDb မှာ 7.7/10 ရရှိထားတဲ့ ဇာတ်ကားလေး တကားပါ  ... ဇာတ်ကားလမ်းကြည့်ပြီး ရင်ထဲတစ်စုံတစ်ရာ ကျန်ရှိစေမှာတော့ အသေအချာပါပဲဗျာ  ....



Comments

  1. အဲကားအသေမိုက်တယ် ငိုတောင်ငိုလိုက်ရသေးတယ်

    ReplyDelete

Post a Comment