Wednesday, October 26, 2016

Your Lie In April ( 2014 ) - မြန်မာစာတန်းထိုး

Edit Posted by with 5 comments



Japanese Name - Shigatsu wa Kimi no Uso

ဂျပန်ဇာတ်ကားကို ကြည့်လေ့ကြည့်ထရှိတဲ့ သူတွေအတွက်တော့ ဒီဇာက်ကား နာမည်လေးက ရင်းနှီးနေမှာပါ ... ဟုတ်ပါတယ် အခုနှစ်ထဲမှာပဲ နာမည်ကြီးပြီး လူကြိုက်များနေကြတဲ့ မင်းသားချောလေး Yamazuki Kento ရဲ့ အသစ်ထွက်မယ့် ဇာတ်ကားပါ ... ထို ဇာတ်ကားက အခု anime လေးကို ပြန်လည် အသက်သွင်းထားတဲ့ Live Action လေး တစ်ခုပေါ့ ... Live Action အဖြစ် အသက်သွင်းခံရတယ်ဆိုကတည်းက ဒီ Anime လေးရဲ့ ကျော်ကြားခဲ့မှုကို မှန်းဆနိုင်မှာဖြစ်ပါတယ် ...

ဇာတ်လမ်းအကျဉ်းလေးကတော့ - ဝါတာရီ , ခုစိုင်း နဲ့ တစုဘကီ တို့ သုံးယောက် က အရမ်းချစ်ကြတယ့် သူငယ်ချင်းလေးတွေပေါ့နော် ... ခုစိုင်း နဲ့ တစုဘကီ တို့က ငယ်ငယ်လေးထဲက မောင်နှမအရင်းသဖွယ် ခင်မင်ကြတဲ့ သူငယ်ချင်းတွေပါ ...တရက်မှာ တစုဘကီ ရဲ့ အခန်းဖော် ခါအိုချန်း က ဝါတာရီ ကို သူနဲ့ မိတ်ဆက်ပေးဖို့ တောင်းဆိုပါတယ် ... အရမ်းချစ်ဖို့ကောင်းလွန်းတဲ့ ခါအိုချန်း တယောပညာရှင်လေးကို ပီယာနိုပညာရှင်လေး ခုစိုင်း က မြင်မြင်ချင်းကိုအရမ်းသဘောကြခဲ့ပါတယ် ... တစ်ရက်မှာ တစုဘကီ ရဲ့အတန်းဖော် ခါအိုချန်း က ဝါတာရီ ကို သူနဲ့မိတ်ဆက်ပေးဖို့တောင်းဆိုပါတယ် ... ဒါပေမဲ့ ခါအိုချန်း က ခုစိုင်း ကို သူငယ်ချင်းတစ်ယောက်ထက်ကိုမပိုပါဘူး ... ပီယာနို သမားလေး ခုစိုင်း က ကလေးဘဝတုန်းကစိတ်ဒဏ်ရာတစ်ခုကြောင့် ပီယာနို အသံမကြားနိုင်ပါဘူး ... ပီယာနို ကိုလည်းဆက်ပြီးမတီးနိုင်တော့ပါဘူး ... ဒီတော့ ခါအိုချန်း လေးက ခုဆိုင်းကိုကူညီပေးခဲ့တာပေါ့နော် ... ချစ်ဖို့အရမ်းကောင်းပြီး ဟာသဆန်တဲ့ကားလေးတစ်ကားပါ ... လေးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့နော် ...

\Anime ဆိုပြီး အထင်တော့ မသေးလိုက်ပါနဲ့နော် ... Japan ရုပ်ရှင်တော်တော်များများက Anime လေးတွေကို Live Action အဖြစ် ပြန်လည်အသက်သွင်းကြတာပါ ...

Rating အနေနဲ့ကတော့ IMDb မှာ 8/10 တောင် ရရှိထားတာပါ ... rating လဲ ကောင်း Live Action လဲ ပြန်လည် အသက်သွင်းခံရတဲ့ အတွက် ဒီဇာတ်လမ်းလေးကို ကောင်းမကောင်းတော့ ညွှန်းမနေတော့ပါဘူး ...

ကြည်ကြည်လင်လင်ကြည့်ရှုချင်တဲ့သူတွေ အတွက်ရော ... Bill အခက်အခဲ ဖြစ်တဲ့ သူတွေအတွက်ရော ... သိမ်းထားချင်တဲ့သူတွေ အတွက်ရော အဆင်ပြေအောင် resolution ကို 1080p ထိ ရအောင် ကြိုးစားထားပါတယ် ... Bill အဆင်မပြေတဲ့သူတွေကလဲ နှစ်သက်ရာ resolution ကို ရွေးချယ် download လုပ် နိုင်ပါတယ်နော် ...




5 comments:

  1. ဆက်တင်ပေးပါအုံး

    ReplyDelete
  2. ဆက်တင်ပေးပါအုံး

    ReplyDelete
  3. တင်ပေးပါအုံး

    ReplyDelete
  4. တင်ပေးပါအုံး

    ReplyDelete
  5. ဆက်တင်ပေးပါအုန်း အက်ဒမင်တို့ရေ ... ဒီမှာမျှော်နေလို့ပါ

    ReplyDelete