Entourage ( 2016 ) - မြန်မာစာတန်းထိုး






Entourage Comedy Series မှာနာမည်ကြီးသရုပ်ဆောင် ယောင်ဘင်း (တုံ့မယူလို) ဟာ သူ့ငယ်သူချင်းတွေဖြစ်တဲ့ ဂျွန်ဟို(Reply 1988) ၊ လိပ် (Reply 1988) ၊ ဝမ်းကွဲအကိုဂျွန် (အာရှမင်းသား) တို့နဲ့အတူနေထိုင်ပါတယ်။

ယောင်ဘင်း(Seo Kang Joon) ကအမြဲတမ်းပေါ့ပေါ့ပါးပါးသဘောထားတတ်တဲ့သရုပ်ဆောင်တစ်ယောက်ပါ။ ဘာကိုမဆိုစိတ်ပူတတ်တဲ့ ဂျွန်ဟို (Park Jung Min) က ယောင်ဘင်းရဲ့မန်နေဂျာပါ ... ဂျွန် (Lee Kwang Soo) ကတော့အခုလက်ရှိမအောင်မြင်တော့တဲ့ rock အဆိုတော်တစ်ယောက်ပါ ... အလုပ်လက်မဲ့ လိပ် ( Lee Dong Hwi ) ကတော့သူတို့နဲ့အတူလည်ပတ်ရင်း ဘဝကိုပေါ့ပေါ့ပါးပါးဖြတ်သန်းနေတာပါ ... နောက်ထပ်အဓိကသရုပ်ဆောင်တစ်ယောကတော့ယောင်ဘင်းရဲ့ကုမ္ပဏီက CEOကင်အွန်းဂပ် (Cho Jin Woong) ပါ ... ယောင်ဘင်းကိုအရမ်းအောင်မြင်စေချင်ပြီး အလုပ်မှာအရမ်းလောဘကြီးပေမယ့် မိသားစုအပေါ်ဂရုစိုက်တဲ့သူဖြစ်ပါတယ်။

ဒီဇာတ်ကားမှာထူးခြားချက်ကတော့အဓိကဇာတ်လိုက်မင်းသမီးမပါတာပါပဲ ... မင်းသားတွေချည်းပဲဆိုပေမယ့် ဇာတ်ကောင်တစ်ယောက်ချင်းစီရဲ့character တစ်ခုစီဟာခိုင်မာပြီး ဖက်ရှင်ပိုင်းမှာဆိုရင်လည်းမတူကွဲပြားတဲ့ style တစ်မျိုးစီရှိကြပါတယ် ... အထူးသဖြင့်တော့ ယောင်ဘင်း ရဲ့styleပါ ... မင်းသားဖြစ်ပေမယ့် ဇာတ်ကားတစ်လျှောက်လုံး ပေါ့ပေါ့ပါးပါးအင်္ကျီတွေသာ ဝတ်ထားပြီးဘာပဲဝတ်ဝတ်အမြဲ smart ကျနေတတ်တဲ့ပုံစံဖြစ်ပါတယ် ... Comedy Series ဖြစ်တဲ့အတွက်ဟာသပိုင်းကို အသားပေးတဲ့ဂျွန်နဲ့လိပ်ကအတိုင်အဖောက်ညီတဲ့ဟာသဇာတ်ကောင်တွေပါ ...

Entourageဟာ မူလက US မှ 2011-2014 အထိလွှင့်ခဲ့တဲ့ series တစ်ခုဖြစ်ပြီး tvN က2015 မှာ တရားဝင်ထုတ်လုပ်ခွင့်ဝယ်ယူခဲ့ပါတယ် ... အခုလက်ရှိ tvN မှာ 11လပိုင်း4ရက်နေ့ကစပြီး သောကြာနဲ့စနေ နေ့တိုင်းပြသနေတဲ့ On going series ပါ ... အရံမင်းသမီးတွေအဖြစ် Ahn So Hee (Train to Busan) နဲ့F(x) အဖွဲ့မှ Amber ပါဝင်ပါတယ် ... Amber ရဲ့ရယ်စရာချစ်စရာပုံလေးကိုလည်းတွေ့ရဦးမှာပါ ...
   
*Entourageရဲ့ထူးခြားချက်ကတော့ အနုပညာအသိုင်းအဝိုင်းနောက်ကွယ်က ဇာတ်လမ်းတွေ ၊ လူတွေမသိကြသေးတဲ့အကြောင်းအရာတွေ ကို ပြည့်ပြည့်စုံစုံသိရမှာပါ ...

ကဲ ... အားလုံးပဲ ရှုစားလိုက်ကြရအောင်နော် ....





Share this article :

+ comments + 1 comments

November 22, 2016 at 8:17 PM

waiting ep 3, 4 , 5 and 6......
:-D

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Myanmar Asian TV Channel - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger