Saturday, November 19, 2016

My Tutor Friend ( 2003 ) - မြန်မာစာတန်းထိုး

Edit Posted by with No comments


ဒီတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ '' My Tutor Friend '' လို့ ခေါ်ပါတယ် ... Comedy , Romance ဇာတ်ကားလေးဖြစ်ပြီး 2003 ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ် ...

အဓိကသရုပ်ဆောင်တွေအနေနဲ့ကတော့ မင်းသား Kwang Sang-woo နဲ့ အခုလက်ရှိတင်ဆက်ပေးနေတဲ့ series တစ်ခုဖြစ်ခဲ့ '' On the way to the Airport '' က မင်းသမီး Kim Ha-neul တို့က ပါဝင်သရုပ်ဆောင်ထားပါတယ် ....
ဇာတ်လမ်းပုံစံလေးကတော့ - ငွေကြေးချမ်းသာပြီး ရုပ်ရည်ချောမောသော်လည်း စာညံ့ပြီး ပြဿနာ အမြဲရှာတက်တဲ့ ဂျီဟွန်း ကို သူနှင့် အသက် တူဖြစ်ပြီး ကောလိပ် တက်နေတဲ့ ဆူဝမ် က Tutor လုပ်ပေးရင်း ဖြစ်ပေါ်လာတဲ့ သူတို့နှစ်ဦး ရဲ့ ဖူးစာ ဇာတ်လမ်းလေးကို အခြေခံပြီး ပျော်ရွှင်စရာ ရီစရာ ဟာသလေးတွေနဲ့ ရောသမမွှေပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးပါ ...

Romance နဲ့ Comedy ဇာတ်ကားဖြစ်တဲ့အတွက် ရီစရာဇာတ်လမ်းလေးတွေကို ကြည့်ရှုလေ့ရှိတဲ့ ပရိသတ်တွေရော comedy ကြိုက်သူများအတွက်ပါ သင့်တော်စေမယ့် ဇာတ်ကားလေးပါ ....

Rating အနေနဲ့ IMDb မှာ 6.7/10 ရရှိထားပါတယ် ... အားလုံးပဲ ခံစားကြည့်ရှုကြပါဦးနော် ...






0 comments:

Post a Comment