Skip to main content

One Way Trip ( 2016 ) - မြန်မာစာတန်းထိုး



ဒီကားကဘာသာပြန်သူကိုယ်တိုင်အရမ်းကြိုက်ရတဲ့ဇာတ်ကားလေးပါ မိသားစုအသိုင်းအဝိုင်းမတူကွဲပြားတဲ့ Sang Woo , Yong Bi , Ji Gong , Doo Man ဆိုတဲ့သူငယ်ချင်းလေးယောက် …
တစ်နေ့မှာ သူငယ်ချင်းဖြစ်သူSang Wooစစ်မှုထမ်းရတော့မှာမို့လို့ Pohang ဆိုတဲ့ နေရာလေးဆီခရီးထွက်လာကြရင်း ... လုံးဝမမျှော်လင့်ထားတဲ့ အခြေအနေအခက်အခဲ နဲ့ရင်ဆိုင်လာရတဲ့အခါ … ဘယ်လောက်ပဲအသုံးမကျဘူးလို့ယူဆထားတဲ့ သားဖြစ်ပါစေ ကိုယ့်သားအခက်အခဲနဲ့ကြုံတွေ့တဲ့အခါ ... ကိုယ်တတ်နိုင်သလောက်နည်းလမ်းတွေ ရှာပြီးဖြေရှင်းပေးတတ်ကြတဲ့မိဘတွေရဲ့ မေတ္တာထားပုံ ... တစ်နည်းအားဖြင့် ကိုယ့်သားသမီးအနာဂတ်ဖြောင့်ဖြူးဖို့ဆို ဘာမဆိုလုပ်တတ်ကြတဲ့ မိဘတွေရဲ့ အတ္တလွှမ်းတဲ့မေတ္တာတရား ... မိဘမဟုတ်ပေမယ့်လည်း အစ်ကိုကညီအပေါ်ဘယ်လောက်ထိသံယောဇဉ်ထားပုံ ... အဘွားဖြစ်သူကလည်းမြေးအပေါ် ဘယ်လောက်ထိချစ်တယ်ဆိုတာကို ... ဒီဇာတ်ကားထဲမှာမြင်တွေ့ခံစားရမှာဖြစ်ပါတယ် ...

နောက်ပြီး… အခက်အခဲနဲ့တွေ့တဲ့အခါ သူငယ်ချင်းလေးဦးရဲ့အချင်းအချင်းထားတဲ့သံယောဇဉ် ပြောင်းလဲသွားလား ... မသွားဘူးလား ... ဆိုတာကိုတော့ ဇာတ်ကားလေးကိုကြည့်ရင်သိပါလိမ့်မယ် 

ဒီကားမှာအဓိကသရုပ်ဆောင်တွေကတော့ Sang Woo အဖြစ် Suho Yong Bi ... အဖြစ် Kim Ji Soo Ji Gong အဖြစ် Ryo Joon Yeol ...  Doo Man အဖြစ် Kim Hee Chan တို့ဖြစ်ပြီး Director နဲ့  Writerကတော့ Choi Jeong Yeol ဖြစ်ပါတယ် ... 

IMDb မှာလဲ Rating 6.6/10 ရရှိထားတဲ့ ဇာတ်ကားလေပါ ... အားလုံးပဲ ခံစားကြည့်ရှုလိုက်ကြရအောင်နော် ...


Comments

Popular posts from this blog

Closest Love to Heaven ( 2017 ) - မြန်မာစာတန်းထိုး

Original Title - Kyô no Kira kun


ဒီဇာတ်ကားလေးက 2017 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Japanese Romance , School ဇာတ်လမ်းလေးပါ ...
Rin Mikimoto ရေးသားခဲ့တဲ့ “ Kyo no Kira kun “ လို့ အမည်ရတဲ့ Manga Series ကို ပြန်လည် အသက်သွင်းထားတဲ့ ဇာတ်လမ်းလေးပါ ...

ဇာတ်လမ်းအကျဉ်းလေးကတော့ -

အိုကာမူရာ-နိနိုး ဆိုတဲ့ ကောင်မလေး က တိရစ္ဆာန်လေးတွေကို အရမ်းချစ်တတ်သူ တစ်ဦးပေါ့ ... အထက်တန်းကျောင်း တက်နေတဲ့ ကျောင်းသူလေး တစ်ဦးလဲ ဖြစ်တာပေါ့ ... အပေါင်းအသင်း လဲ မရှိပဲ အနေ အေးဆေးသူ တစ်ယောက်ပေါ့ ... ဒါ့ကြောင့် တခြားသူတွေရဲ့ အနိုင်ကျင့်ခြင်းကိုလဲ ခဏ ခဏ ခံရသူပါ ...

ယုအိဂျိ-ခိရ ဆိုတဲ့ ကောင်လေး ကတော့ အထက်တန်းကျောင်းရဲ့ ပေါ်ပြူလာ အဖြစ်ဆုံး ကောင်လေးပေါ့ ... ဘဝ ကို ပျော်ပျော်နေတယ် ... အပေါင်းအသင်းနဲ့ ရီရီမောမောနေတယ် ... မိန်းကလေး ပေါင်းစုံနဲ့ တွဲတယ် ... ဒါပေမဲ့ ပျော်ရွှင်ခြင်း နဲ့ ပွေလီခြင်း ရဲ့ နောက်ကွယ်မှာ လျှို့ဝှက်ချက် အကြီးကြီး တစ်ခုကို ထိန်းသိမ်းထားရသူ တစ်ဦးပေါ့ ...

ကံကြမ္မာရဲ့ စေခိုင်းမှုကြောင့် ခိရ ရဲ့ လျှို့ဝှက်ချက် ကို နိနိုး တစ်ယောက် သိရှိလာပြီးတော့ အချိန်မှာတော့ , အရာရာဟာ ပြောင်းလဲလို့ သွားခဲ့ပါတယ် ....

I AM ( 2017 ) - မြန်မာစာတန်းထိုး

သိပ္ပံပညာရှင်တစ်ယောက်က သူ့ရဲ့ သားသမီးနှစ်ယောက်ကို စွန့်ပစ်ပြီးတော့ သူ့လေ့လာစမ်းသပ်ချက် အောင်မြင်ဖို့ကိုပဲ အဓိကထားခဲ့တယ် ...

သူဖန်တီးထားတဲ့ စက်ရုပ်လေးက လူသားတွေရဲ့ လုပ်ဆောင်နိုင်စွမ်းတွေထက် သာလွန်တဲ့ အရည်အချင်းမျိုးတွေ ပိုင်ဆိုင်ထားတဲ့ ... မိန်းကလေးစက်ရုပ်ဖြစ်တဲ့ " AD No.1 " ပါ ...
တစ်နေ့တော့.. သိပ္ပံပညာရှင်က.. စက်ရုပ်ကို.. သူ့သားသမီးအိမ်မှာ အပ်ထားခဲ့တယ် ...

အဲ့စက်ရုပ်မလေးက အန်နီ နာမည်နဲ့ အထက်တန်းကျောင်း တတ်ရောက်တဲ့အခါ ...

အန်နီလေးက သူ့အတွက် ထူးဆန်းတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ နေသားကျပါ့မလား ..?
သာမာန်လူသားတွေလို စိတ်ခံစားချက်တွေ ဖြစ်ပေါ်လာပါ့မလား ..? ဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာ ဖြစ်ပါတယ် ...

အပိုင်းတို ၆ ပိုင်းသာ ရှိပြီး 2017 မှာထွက်ရှိထားတဲ့ web Drama series လေး တစ်ခုဖြစ်ပါတယ် ...


Translator : Elvis
Encoder : Anonymous X
Quality : 540p


Episode 1 ( Openload Link )
Episode 2 ( Openload Link )
Episode 3 ( Openload Link )
Episode 4 ( Openload Link )
Episode 5 ( Openload Link )
Episode 6.END ( Openload Link ) 

Mr. Pride Vs Miss Prejudice ( 2017 ) - မြန်မာစာတန်းထိုး

ဒီတရုတ်ကားလေးက 2017 Aprilလောက်မှာ ထွက်ရှိထားတာဖြစ်ပြီး Romance & Comedy movie လေးတစ်ခုပါ ...

ဇာတ်လမ်းလေးကတော့ ကျူးဟုန် ဟာချမ်းသာတဲ့သူဌေးသားလေးဖြစ်ပြီး ... သူ့ချစ်သူကောင်မလေး မိုမိုကို propose လုပ်ဖို့ပြင်ထားတဲ့ပွဲမှာ ... လူမှားပြီး ထျောင်နန်နန် ဆိုတဲ့ကောင်မလေးကို မှားယွင်းပြီး
propose လုပ်မိတဲ့အခါမှာတော့ ... ဘာတွေဆက်ဖြစ်မလဲ ...?

ကျူးဟုန် ကရော မိုမို နဲ့ အဆင်ပြန်ပြေသွားလား ...?
ထျောင်နန်နန် ကရော ဘယ်လိုဖြစ်သွားလဲ ...?
ပြီးတော့ကျူးဟုန်ရဲ့သူငယ်ချင်းဖြစ်သူ ရှောင်ကျန့်ကျွင်း ကလည်း ထျောင်နန်နန် ဆိုတဲ့ online game ရေးတဲ့စာရေးဆရာမလေးကို စတင်စိတ်ဝင်စားမိတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်မလဲ ...?
ထျောင်နန်နန်ရဲ့ဖူးစာရှင်အစစ်ကဘယ်သူလဲ ...? ဆိုတာဒီကားလေးမှဲာကြည့်ရူကြပါလို့


Maincast တွေအနေနှင့်ကတော့ -

ထျောင်နန်နန် အဖြစ် Dilraba Dilmurat ( The King's Woman )
ကျူးဟုန် အဖြစ် Leon Zhang
ရှောင်ကျန့်ကျွင်း အဖြစ် Vengo Gao
တို့ကပါဝင်သရုပ်ဆောင်ထားကြပါတယ်

Translated by Sandar Lwin
Encoded by Anonymous X
Quality -720p
Size - 769 MB

Download on Openload

Hyde, Jekyll, and I ( 2015 ) - မြန်မာစာတန်းထိုး

ဒီကားလေးကကြည့်ပြီးတဲ့သူတွေလည်းကြည့်ပြီးလောက်မှာပါ ... 5-Series မှာ "ချစ်သူကိုယ်ပွားလေး" ဆိုတဲ့နာမည်နဲ့လွှင့်ခဲ့ဖူးပါတယ် ...

ဇာတ်လမ်းလေးကိုကြိုက်လွန်းလို့တတ်သလောက်မှတ်သလောက်လေးကြိုးစားပြန်ပေးလိုက်တာပါနော် ...
ဇာတ်လမ်းအကျဉ်းလေးကတော့ -

နတ်သမီးတံတားမှာ ညတိုင်း ဆောဂျင်း ဆိုတဲ့ကောင်လေးတစ်ယောက်ရောက်ရောက်လာပြီးခုန်ချဖို့လုပ်ပါတယ် ... ဒါပေမယ့်လည်းအခေါက်တိုင်းခုန်မချဖြစ်ပဲပြန်သွားတယ် ... အဲဒါကိုဟာနာဆိုတဲ့ကောင်မလေးဟာ ကျွမ်းဘားလေ့ကျင့်ရင်းစောင့်ကြည့်နေခဲ့ပါတယ် ... တစ်နေ့မှာရေထဲကိုတကယ်ခုန်ချလိုက်တဲ့ ဆောဂျင်းကိုကယ်ရင်းနဲ့ဟာနာဟာ ရေထဲပြုတ်ကျသွားတယ် ... အဲ့ဒီအချိန်မှာ ဟာနာ့ကို ကယ်ဖို့အတွက်သူ့ကိုယ်သူတောင်မသိလိုက်ဘဲ ဆောဂျင်းရဲ့ကိုယ်ထဲကမသိစိတ်ဟာ ဆောဂျင်းကိုယ်ပွား ရိုဘင် အဖြစ် ပြောင်းလဲထွက်ပေါ်လာပါတော့တယ် ...

အတ္တ၊မာနတွေနဲ့သူများကိုလုံးဝစာနာမသနားတတ်တဲ့ ဆောဂျင်း ....
သနား၊ကြင်နာတတ်ပြီးတခြားသူတွေကိုကယ်တင်တတ်တဲ့ ရိုဘင် ...
ပျော်ပျော်နေတတ်ပြီးသူများကိုကူညီတတ်တဲ့ ဟာနာ ...

သူတို့သုံးယောက်ရဲ့သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းမှာ ဟာနာ့ရဲ့အချစ်ကိုဘယ်သူရသွားမလဲ ?
ဆာဂျင်းတံတားပေါ်ကခုန်ချရတဲ့အကြောင်းရင်း…

Fifteen Years of Waiting for Migratory Birds ( 2016 ) - မြန်မာစာတန်းထိုး

ဒီနေ့ Ongoing တွေ နားတဲ့ နေ့လေးမှာ Viki မှာ 9.3/10 နှင့် MyDramaList မှာ 7.8/10 ရရှိထားတဲ့ rating မြင့် Chinese Series လေး တစ်ခုကို မိတ်ဆက်ပေးပါရစေ ...

Main Actor အဖြစ် Zhang Ruo Yun ( Novoland ဇာတ်ကားထဲက ဖုန်းထင်းရီ ) က ပါဝင်ထားပြီး ...
Main Actress အဖြစ် ချစ်စရာကောင်းတဲ့ မင်းသမီးလေး Sun Yi က ပါဝင်ထားပါတယ် ...

ကျောင်းသား ကျောင်းသူ ဘဝ ကို အခြေခံ ရိုက်ကူးထားပြီး Friendship , Life , Mature & Romance ဇာတ်လမ်း ပုံစံလေးပါ ...

ဇာတ်လမ်းအကျဉ်းလေးကတော့ -
ဒီDramaလေးက ဆယ်ကျော်သက် အရွယ် လူငယ်လေးတွေရဲ့ အပြုအမူ သဘာဝ ကိုပုံဖော်ထားတဲ့ ဟာသဇာတ်မြူးတစ်ပုဒ်ပါ ... မိသားစုကြားပြဿနာ , သူငယ်ချင်းကြားက ပြဿနာ စတဲ့ ရသမျိုးစုံကို ထည့်သွင်းရိုက်ကူးထားတာပါ ...

လီလီ့ရဲ့အဖေကွယ်လွန်သွားတဲ့အချိန်မှာလီလီ့ အမေဟာ နောက်ထပ်အိမ်ထောင်ပြုခဲ့ပါတယ် ... အဲ့ဒီအိမ်ထောင်မှာ လီလီ့ ထက် အသက်ကြီးတဲ့ ကွန်းရန် ဆိုတဲ့ ပေါင်းသင်းဆက်ဆံရေး ခက်တဲ့ကောင်လေးပါလာတယ် ... အဲ့ကာင်လေးနဲ့လီလီဟာ အမြဲ မတည့်အတူနေရသူတွေပေါ့ ...

ဒါပေမယ့် ဇာတ်လမ်းအစမှာပါတဲ့ မင်္ဂလာပွဲက လီလီနဲ့ကွန်းရန်တို့ရဲ့မင်္ဂလာပွဲပါ ... ပိုင်ရှောင်ရွှီနဲ့မဟုတ်ပါဘူး ... ဘာတြွေ…