Friday, November 25, 2016

Paradise Kiss ( 2011 ) - မြန်မာစာတန်းထိုး

Edit Posted by with No comments





အခုတစ်ခါတင်ဆက်ပေးမယ့် ဇာတ်လမ်းလေးကတော့ 2005 ခုနှစ်က ထွက်ရှိခဲ့တဲ့ “ Paradise Kiss ” ဆိုတဲ့ Manga Series လေးကို Live-Action အဖြစ် 2011 ခုနှစ်မှာ ပြန်လည်အသက်သွင်းခြင်းခံခဲ့ရတယ့် ဇာတ်လမ်းလေးတစ်ခုပဲ ဖြစ်ပါတယ် …


သရုပ်ဆောင်တွေအဖြစ် Main Actor နေရာမှာ Osamu Mukai နှင့် Actress နေရာမှာ မင်းသမီးချောလေး Keiko Kitagawa တို့က ပါဝင်သရုပ်ဆောင်ထားပါတယ် …

ဇာတ်လမ်းပုံစံလေးကတော့ လူငယ်ဆန်ဆန် Fancy ကားလေးဖြစ်ပြီး fashion အသားပေး ဇာတ်ကားမျိုးလေးပါ …

ဇာတ်လမ်းအကျဉ်းလေးကတော့ - မိခင်ဖြစ်သူရဲ့ ထိန်းချုပ်မှုအောက်မှာ ကြိုးဆွဲရာလိုက်ကရင်း ... ပညာရေးမှ တစ်ပါး အခြား မည်သည့်အရာကိုမှ ထိတွေ့ခွင့်မရခဲ့တဲ့ ကောင်မလေး တစ်ယောက် ... အချစ်ဦးကို သုံးနှစ်ကြာသည့်တိုင် တဖက်သတ်အချစ်နှင့် မြိုသိပ်ခဲ့ရင်း ... သူမ ဘဝအတွက်အကြီးဆုံးသော အနှောက့်အယှက်လို့ သတ်မှတ်ခဲ့တယ့် ရုပ်ရည်ချောမောလှပြီး ပျိုမေတို့ရဲ့ အသည်းစွဲတစ်ယောက်ဖြစ်တဲ့ designer ကောင်လေးတစ်ယောက် သူမ ဘဝထဲ ဝင်လာခဲ့ပါတယ် ... ထို အနှောင့်အယှက်လို့ သတ်မှတ်ခြင်းခံခဲ့ရတဲ့ designer ကောင်လေး က စာဂျပိုးဖြစ်ပြီး မိခင်ဖြစ်သူစကား တသွေမသိမ်း နားထောင်တတ်တဲ့ ကောင်မလေးရဲ့ ဘဝအား model တယောက်အဖြစ် ပုံစံပြောင်းစေခဲ့တယ် ... ဒီလိုနဲ့ပဲ ကောင်မလေးတစ်ယောက် သူမရဲ့ သုံးနှစ်ကျော် တဖက်သတ်ချစ်ခဲ့ ကောင်လေးကိုပဲ ဆက်ချစ်သွားမလား? သူမဘဝအား တမျိုးတဖုံပြောင်းလဲစေခဲ့တဲ့ designer ကောင်လေးအပေါ်ပဲ ချစ်သက်ဝင်သွားမလား? Designer ကောင်လေး ကလဲ ကောင်မလေးကို model အဖြစ် မြေတောင်မြှောက်ပေးရင်း သူ့ရဲ့ နှလုံးသားလေးပါ တန်ကြေးအဖြစ်ပေးလိုက်ရမလား?ဆိုတာကိုတော့ '' Paradise Kiss '' ဆိုတဲ့ ဒီဇာတ်ကားလေးကို ခံစားကြည့်လိုက်ကြပါဦးနော် ...

IMDb Rating အနေနဲ့ 6.7/10 ရရှိထားပြီး Manga series ကို Live Action အဖြစ် ပြန်လည်အသက်သွင်းချင်းခံရတဲ့ ဇာတ်လမ်းလေးလဲ ဖြစ်တာကြောင့် နှစ်ခြိုက် သဘောကျစေမယ့် ဇာတ်လမ်းလေး တစ်ခုဆိုလဲ မှားမယ် မထင်ပါဘူး ... ကဲ အားလုံး ခံစားကြည့်ရှုလိုက်ကြရအောင်နော် ...






0 comments:

Post a Comment