Tuesday, November 8, 2016

Pinocchio ( 2014 ) - မြန်မာစာတန်းထိုး

Edit Posted by with 4 comments


ဒီဇာတ်ကားလေးရဲ့ ဇာတ်ဆောင်တွေကတော့ - အားလုံးပဲသိကြမှာပါ အထူးတလည်မိတ်ဆတ်စရာမလိုဘူး ထင်ပါတယ် ... သိပ်မကြာသေးခင်ကပဲ ကျွန်တော်တို့ Myanmar Asian TV Channel က တင်ဆက်ခဲ့တဲ့ '' W-Two Worlds '' ထဲက မင်းသား Lee Jung-suk နဲ့ '' Doctors '' ဆိုတဲ့ ဇာတ်လမ်းထဲက မင်းသမီး Park Shin-hye တို့က main lead အဖြစ် သရုပ်ဆောင်ထားကြပါတယ် ... ပြီးတော့ လက်ရှိ တခြား page တွေမှာ တင်ဆက်ပြသနေတဲ့ " Good Doctors '' နဲ့ '' D Day '' series တွေထဲမှ မင်းသား Kim Young-kwang ကလဲ second lead နေရာက ပါဝင်ထားပါတယ် ...

သရုပ်ဆောင်တွေကိုပြောပြီးတဲ့ နောက်မှာတော့ ဇာတ်လမ်းအကြောင်းလေးကိုပြောပြရမှာပေါ့နော် ... ဒါပေမဲ့ ဇာတ်လမ်းအကြောင်းမပြောခင် ကြားဖြတ်ပြောချင်တာလေးကတော့ ...

အားလုံးပဲ Pinocchio ဆိုတဲ့ အရုပ်လေးကို သိကြမှာပါနော် ... နှာခေါင်းရှည်ရှည်နဲ့ လိမ်ပြောလို့မရတဲ့ အရုပ်လေးလေ ... ဒီကားထဲမှာတော့ လိမ်ပြောလို့မရတဲ့ သူတွေကို Pinocchio ရောဂါ ရှိသူလို့ သုံးနှုန်းထားပါတယ် ...

ဒီဇာတ်ကားလေးရဲ့ ပေးချင်တဲ့ message လေးကတော့ ကျွန်တော့်အထင်ပြောရရင် media သမားတွေကို ပေးချင်တာထင်တယ်ဗျ ... ကျွန်တော့်အထင်ပါ ... media သမားတွေ အထူးသဖြင့် သတင်းကြေငြာသူတွေ သတင်းထောက်တွေပေါ့ ... အမှန်ကို အမှန်တိုင်းစုံစမ်းပြီး ပြည်သူလူထုကို ချပြသင့်ပါတယ် ... လက်ခံတာ မခံတာကတော့ ပြည်သူလုထုအပိုင်းပါ ... ဒီဇာတ်ကားလေးမှာဆိုရင်ဖြင့် အမှန်တရားတစ်ခုကို ဖုံးကွယ်ပြီးတော့ ကိုယ့်ကိုယ်ကျိုးတစ်ခုတည်းသာကြည့်ပြီ ... အမှားတစ်ခုကို သတင်းလမ်းကြောင်းလွှဲလိုက်တဲ့အတွက် ... သတင်းလွှင့်ခံခဲ့ရသူ မိသားစုရဲ့ သေကွဲရော ရှင်ကွဲ တွေပါ ကွဲခဲ့ရပြီးတော့ လူ့အသိုင်းအဝိုင်းမှာ ... မျက်နှာမဖော်ရဲတော့တဲ့ ဘဝဇာတ်ကြောင်းလေးကို အခြေပြုပြီး ရိုက်ကူးတင်ဆက်ထားခြင်းပါ ....

ဇာတ်လမ်းအကျဉ်းလေးကတော့ - မီးသတ်ခေါင်းဆောင်ကင်ဟိုဆန်းက မီးလောင်မှုထဲမှာ သူ့အဖွဲ့ဝင်တွေနဲ့အတူသေဆုံးသွားပါတယ် ... ဒါပေမယ့် ပြင်းထန်တဲ့ ပေါက်ကွဲမှုကြောင့် ကင်ဟိုဆန်းရဲ့အလောင်းကိုတော့ရှာမတွေ့ခဲ့ပါဘူး ... ဒီအချိန်မှာပဲ Pinocchioရှိတဲ့လူတယောက်က ကင်ဟိုဆန်းကိုတွေ့လိုက်တယ်လို့ ပြောတော့ ... MSC သတင်းထောက် ဆွန်းဂျာအုတ်က ကင်ဟိုဆန်းက သူအဖွဲ့ဝင်တွေကိုချောက်ချပီး သူကတော့ကိုယ်လွတ်ရုန်းသွားတယ်လို့ သတင်းကြေညာလိုက်လိုက်ပါတယ် ... အဲ့နောက်မှာတော့ ကင်ဟိုဆန်း ရဲ့ သားနှစ်ယောက်ဖြစ်တဲ့ ချွဲဒါဟို ( Lee Jong-suk ) နဲ့ အစ်ကို ဖြစ်သူ ( Kim Young-kwan ) တို့က သူတို့ရဲ့ မိခင်ကြီးနဲ့အတူ လူ့လောက အသိုင်းအဝိုင်းရဲ့ အပြစ်တင် ရှုံ့ချမှုကို အပြင်းအထန်ခံစားရပါတယ် ... သားနှစ်ယောက်ကလဲ အရွယ်လေးနဲ့ မလိုက်ဖက်အောင် ကြီးကြီးမားမား ဝေဖန်ခံရမှု တို့နဲ့အတူ မချေမငံပြုမူခံရပါတယ် ... အဲ့လိုနဲ့ တဖြည်းဖြည်း အရွယ်ရောက်လာတဲ့အခါမှာတော့ သားဖြစ်သူတွေက ဖခင် ဖြစ်သူရဲ့ နာမည်ဆိုကြီးကို ပြန်လည်သန့်စင်နိုင်ဖို့အတွက် အမှုမှန်ပေါ်ပေါက်အောင် ဘယ်လို ကြိုးစားအားထုတ်ကြမလဲဆိုတာကိုတော့ ဒီဇာတ်လမ်းလေးထဲမှာ ကြည့်ရှုလိုက်ကြရအောင်နော် ... နောက်တစ်ခု ဖြစ်ချင်တော့ သတင်းကြေငြာလိုက်တဲ့ ဆွန်းဂျာအုတ် က ချွဲအင်ဟာ ( Park Shin-hye ) ရဲ့ မိခင်ဖြစ်နေပါတော့ ... အဲ့လိုနဲ့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ '' Pinocchio '' ဆိုတဲ့ ဒီဇာတ်လမ်းလေးထဲမှာ ကြည့်ရှုလိုက်ကြရအောင်နော် ...

ဒီဇာတ်လမ်းလေးကိုတော့ တပတ်ကို သုံးပိုင်း နဲ့ တရက်ခြား တစ်ခါတင်ဆက်ပေးသွားပါ့မယ် ... အခွေထွက်ပြီးသား ဇာတ်လမ်းတစ်ခုဆိုတာ သိပေမဲ့လည်း ကျွန်တော်တို့ရဲ့ translation စွမ်းရည် တတ်စွမ်းသလောက်လေးနဲ့ကြိုးစားပြီ quality အတတ်နိုင်ဆုံး ကြည်ကြည်လင်လင်လေးရအောင် ပြန်ပြီးကြိုးစားတင်ဆက်လိုက်ရပါတယ် ...



4 comments:

  1. နောက်အပိုင်းလေးတွေဆက်ပါအုန်း

    ReplyDelete
  2. မြန်မြန်လေးတင်ပေးပါဗျို့

    ReplyDelete
  3. please episode 10 and so on.. Thanks.

    ReplyDelete