Postman to Heaven ( 2009 ) - မြန်မာစာတန်းထိုး




Heaven's Postman ( 2009 ) Review ဒီကားလေးမှာဆိုရင် TVXQ / JYJ အဖွဲ့ ဝင်မင်းသားချောလေး Kim JaeJoong နှင့် မင်းသမီးချောလေး Han Hyo Ju တို့ပါဝင် သရုပ်ဆောင်ထားပါတယ် ... ဒီဇာတ်လမ်းလေးကိုအခြေခံပြီး  " ကောင်းကင်ဘုံသို့ပေးသောစာ " ဆိုပြီး မှီငြမ်းကာ ပြန်ရိုက်ထားတဲ့ မြန်မာကား တစ်ကား ရှိပါသေးတယ် ... 

၂၀၀၉ ခုနစ် နိုဝင်ဘာ ၁၁ ရက်နေ့မှာ ထွက်ရှိခဲ့ပြီး Fantasy & Drama ပုံစံဇာတ်လမ်းလေးပါ...... ကားအက်ဆီးဒက်ဖြစ်ပြီးမျောနေတဲ့ ဂျယ်ဂျွန်း ( Kim JaeJoong ) က သာမာန်လူတွေရဲ့ မျက်လုံးနှင့်မမြင်နိုင်တဲ့ သူတစ်ယောက်ဖြစ်ခဲ့ပါတယ် ... သူ့ ကိုတွေ့ နိုင်တဲ့သူတွေကတော့ ကိုယ်တန်ဖိုးထားရတဲ့သူတွေသေဆုံးသွားတဲ့ နောက်မှာပူဆွေးပြီး အဲဒီသူတွေကို လွမ်းဆွတ်နေတဲ့သူတွေကသာ မြင်တွေ့  နိုင်တာပါ ...
သူ့ ကိုကောင်းကင်ကပေးအပ်ထားတဲ့တာဝန်ကတော့သေသွားတဲ့သူတွေကိုရည်စူးပြီးပို့ထားတဲ့စာတွေကို ဖတ်ပြီးစာပြန်ပေးရတဲ့အလုပ်ပေါ့ ... ဟာနာ ( Han Hyo Ju ) ဟာဆိုရင်အိမ်ထောင်ရှိယောကျာင်္း တစ်ယောက်ရဲ့လှည့်ဖြားမှုကိုခံစားခဲ့ရပြီး သူမနှလုံးသားတွေပျောက်ဆုံးပြီး စိတ်ဓာတ်ကျနေခဲ့တာပါ ... သေဆုံးသွားတဲ့ချစ်သူအတွက်စာလာထည့်ရင်း ဂျယ်ဂျွန်းနဲ့ဆုံခဲ့ကြပါတယ် … အဲဒီနောက်မှာ နှစ်ယောက်သားစာပို့တဲ့အလုပ်ကို အတူတူလုပ်ရင်း သေသွားတဲ့ ရည်းစားကို ဟာနာ မေ့လာပါတယ် ... အဲဒါနှင့် ဂျယ်ဂျွန်း ကို တစ်နေ့ထက်တစ်နေ့မမြင်ရတော့ပဲ ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကို အားပေးကြည့်ရှူကြပါဦးနော် .....
စိတ်ကူးယဉ်ကားလေးပေမယ့်လည်းအထီးကျန်နေတဲ့သူတစ်ယောက်အတွက် ဒီကားလေးကပျော်ရွှင်မှုအတိုင်းအတာတစ်ခုအထိပေးနိုင်မယ်လို့ထင်ပါတယ် ...


IMDb Rating အနေနဲ့ကတော့ 6.9/10 ရရှိထားပါတယ် … 2009 ခုနှစ်က ထွက်ရှိထားတာ ဖြစ်တဲ့အတွက် Quality ကတော့ SD Ver. ရှာလို့ရပါတယ် … အရင်ကားတွေလို HD နီးပါးမရပေမဲ့ အတတ်နိုင်ဆုံး ကြည့်ရအဆင်ပြေအောင် ကြိုးစားထားပါတယ် … quality စိတ်တိုင်းမကျဖြစ်ခဲ့ရင် တောင်းပန်အပ်ပါကြောင်းပြေကြားရင်းနဲ့ပဲ “ Postman to Heaven ” ဆိုတဲ့ ဇာတ်လမ်းလေးကို ခံစားကြည့်ရှုနိုင်ရန်အတွက် တင်ပေးလိုက်ရပါတယ်ဗျာ …




Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Myanmar Asian TV Channel - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger