Sky of Love ( 2007 ) - မြန်မာစာတန်းထိုး



ကိုရီးယားသံ တရုတ်တွေသံတွေပဲ ကြားနေရတဲ့ သူတွေ ငြီးငွေ့လာမှာဆိုးလို့ ဂျပန်ကားလေး တစ်ကား တင်ဆက်လိုက်ရပါတယ်  ... Japan Drama လေးတွေကိုလဲ အထင်မသေးပါနဲ့ ... ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ တည်ဆောက်ထားပါတယ် ... တင်ခဲ့ဖူးတဲ့ Japan ကားလေးတွေကို ကြည့်မိသူတိုင်း စိတ်ထဲမှာ ခံစားချက်တစ်ခုခုတော့ ကျန်ခဲ့ကြတယ်မလား ? 

ဇာတ်လမ်းအကြောင်းလေးမပြောခင် ပြောချင်တာလေးရှိပါတယ် ... ပြောချင်တာထက် မေးချင်တာပေါ့နော် ... လူသားတိုင်း အချစ်ဆိုတဲ့ ခံစားချက်ကို ခံစားဖူးကြမှာပေါ့ ... လူတိုင်း တယောက်ယောက်ကိုတော့ ချစ်ခဲ့ဖူးကြမှာပါ ... ကိုယ့်ချစ်ခဲ့ဖူးတဲ့ အချစ်မျိုးက ဘယ်လိုမျိုး ? ရယူခဲ့ခြင်းမျိုးလား ? ပေးဆပ်ခဲ့ခြင်းမျိုးလား ? လူတိုင်းတော့ ကိုယ်ချစ်တဲ့သူနဲ့ အသက်ထက်ဆုံးသည့်အထိ မခွဲအတူတူနေချင်မှာပေါ့နော် ... သို့သော် လောကမှာ ဘယ်အရာကမှ တည်မြဲတာမှ မဟုတ်တာ ... ကိုယ်ချစ်ခင်နှစ်သက်ရတဲ့သူက ကိုယ့်အပေါ် မချစ်မနှစ်သက်တော့တဲ့အခါ ... ငြီးငွေ့လာတဲ့အခါ ... ကိုယ့်ချစ်သူရဲ့ ပျော်ရွှင်မှုအတွက် ကိုယ့်နှလုံးသားကို ရင်းပြီး သူ့ကို စွန့်လွှတ်ပေးလိုက်မိမလား ? ဒါမှမဟုတ် အချစ်ဆိုတဲ့ ခံစားချက်ကို ခုတုံးလုပ်ပြီး အတ္တနဲ့ ဆွဲထားမိမလား? ဆိုတာကိုတော့ ဒီဇာတ်ကားလေးထဲက ဇာတ်ရံတစ်ယောက်က ပြသ သွားပါလိမ့်မယ် ...

ဇာတ်လမ်းအကျဉ်းလေးကတော့ - ဟီရို ဆိုတဲ့ ကောင်လေး နဲ့ မီကာ ဆိုတဲ့ ကောင်မလေး တယောက်အကြောင်းပေါ့ ... အရမ်းချစ်ကြတဲ့ ကောင်လေး နဲ့ ကောင်မလေး ပေါ့ ... ဘယ်တို့နှစ်ယောက်ရဲ့ ချစ်ခြင်းဘယ်ကစတင်သလဲလို့မေးရင် ... ဆဲလ်ဖုန်း တစ်ခုကနေပေါ့ ... တစ်နေ့မှာ မီကာ ရဲ့ ဖုန်းလေးဟာ စာကြည့်တိုက်မှာ ကျန်ခဲ့ပါတယ် ... အဲ့ဒါကို မီကာ ရှာမတွေ့ခင်မှာပဲ ဟီရို က ရှာတွေ့ပြီး ဖုန်းထဲက contact list တွေ ဖျက်သွားပြီး ဖုန်းနံပါတ်ကို ယူခဲ့ပါတယ် ... မီကာ ပြန်လည်ရှာတွေ့သွားပြီးတဲ့နောက်မှာတော့ အချိန်တိုင်း ဟီရို က ဖုန်းတွေဆက်နေခဲ့ပြီး မီကာနဲ့ ရင်းနှီးမှုကို ရယူခဲ့ပါတယ် ... အဲ့နောက်မှာတော့ ခင်မင်ရင်းနှီးမှု အဖြူရောင် သံယောဇဉ်ကြိုးလေးတွေကနေ အရောင်ပြောင်းကာ ၁၅၀ဝ ချစ်ခြင်းတွေ အစားဝင်ရောက်လာပါတယ် ... ဟီရို ကလဲ မီကာ ကို အရမ်းချစ်သလို မီကာ ကလဲ ဟီရို ကို အရမ်းချစ်ပါတယ် ... ဒါကို မကျေနပ်သူကတော့ ဟီရို နဲ့ ပြတ်စဲပြီးဖြစ်တဲ့ ဟီရို့ ရည်းစားဟောင်းပေါ့ ... မီကာ က ဟီရို ကို သူ့လက်ထဲမှ လုယူတယ်ဆိုတဲ့ အတွေးကြောင့် မီကာ နဲ့ ဟီရို ကြား ပြဿနာတွေ ဒုက္ခတွေကို ဆောင်ကြဉ်းလာစေခဲ့တယ် ... လူမိုက်တစ်အုပ် ငှါးပြီး မီကာ ကို အဓမ္မပြုကျင့်စေပါတယ် ... ဒီအကြောင်းကို ဟီရို သိတော့ လက်ရှိချစ်သူဘက်ကနေပြီး တင်းတင်းကျပ်ကျပ် ပွေ့ဖက်ကာ မားမားမတ်မတ် ရပ်တည်ပေးခဲ့တယ် ... သိပ်မကြာဘူး မီကာ နဲ့ ဟီရို တို့အတွက် ဘုရားသခင်က လက်ဆောင်တစ်ခုအနေနဲ့ မီကာ ဝမ်းဗိုက်ထဲကို ပေးခဲ့တယ် ... ထို လက်ဆောင် ဟီရို ရဲ့ အရင်ရည်းစားကြောင့် ဆုံးရှုံးခဲ့ရပြန်တယ် ... အဲ့အချိန်မှာတော့ ဟီရို ဘက်က ဘယ်လို ဖြေရှင်းမလဲ? မီကာ နဲ့ ဟီရို ကြား ဘာတွေဆက်ဖြစ်မလဲ? သူတို့နှစ်ယောက် အရင်လိုပဲ တစ်ယောက် အပေါ် တစ်ယောက် ဆက်ချစ်နေသွားကြမလား? ကျွန်တော် အပေါ်မှာ review ရှေ့က ရေးထားသလို ဇာတ်ရံ တယောက်ပေါ်လာတဲ့အခါမှာ သူတို့နှစ်ယောက် ချစ်ခြင်းတွေ ဘယ်လိုပြောင်းလဲ သွားကြမလဲ? ဆိုတာကိုတော့ '' Sky of Love '' ဆိုတဲ့ ဒီ ဇာတ်လမ်းလေးကို ကြည့်ရှုလိုက်ကြပါဦးနော် ...

သေချာပြောနိုင်တာကတော့ ဒီ review လေးထက် က ဇာတ်ကားထက် အများကောင်းပါတယ် ... ကြည့်ရှုသူတွေရဲ့ ရင်ထဲကို ဒီဇာတ်လမ်းလေးက ရသ တစ်ခုခု ပေးနိုင်မယ်ဆိုတာကတော့ ကြိမ်းသေပါတယ် ....
Ratings အနေနဲ့ IMDb မှာ 7.1/10 ရရှိထားတဲ့ ဇာတ်ကားလေးပါ ... ကဲ အားလုံး တစ်ရှူးလေးတွေ လက်ကိုင်ပုဝါလေးတွေ ကိုင်ပြီး ကြည့်ရှုဖို့တော့ အကြံပေးလိုက်ပါရစေဗျာ ....




 


Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Myanmar Asian TV Channel - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger