So Close ( 2002 ) - မြန်မာစာတန်းထိုး









အခုတစ်ခါတင်ဆက်မယ့် ဇာတ်လမ်းလေးက action ဇာတ်လမ်းလေးပါ … romance တွေကြားမှာ ငြီးငွေ့နေသူများအတွက် အပျင်းပြေလေးပေါ့နော် …

ဒီဇာတ်ကားလေးထဲမှာဆိုရင် တရုတ်မင်းသမီး Shu Qi က အဓိက မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး မင်းသားကတော့ korea မင်းသား တစ်ဦးဖြစ်တဲ့ Song Seung-heon ပေါ့နော် … ဒီဇာတ်လမ်းလေးကို ကျွန်တော်တို့လို 1900 ကျော်လောက်မှာ မွေးဖွားတဲ့သူတွေအတွက်ကတော့ အထူးတလည် ညွှန်းစရာလိုမယ် မထင်ပါဘူး … တော်တော်များများလဲ ကြည့်ပြီးကြမှာပါ …

ဇာတ်လမ်းပုံစံလေးကတော့ - Shu Qi တို့ ညီအမက ငယ်ငယ်ကတည်းကမိဘတွေအသတ်ခံခဲ့ရပြီး … နောက်ပိုင်းမှာကြေးစားလူသတ်သမား အဖြစ် အလုပ်လုပ်ခဲ့ပါတယ် … မင်းသမီးက ငယ်ချစ်ဦးနဲ့ပြန်ဆုံတဲ့အချိန်မှာ ကြေးစားအလုပ်ကိုရပ်နားဖို့ ဆုံးဖြတ်လိုက်တယ် …. ဒါပေမဲ့ညီမဖြစ်သူကြောင့်အလုပ်ထဲဝင်ပါခဲ့ရပါတယ် … အဲ့ဒီအချိန်မှာ မင်းသမီးတို့
ညီအမနောက်ကို အရမ်းတော်တဲ့စုံထောက်မလေးကလဲ သဲသဲမဲမဲလိုက်နေပါတယ် … နောက်ပိုင်းမှာ
မင်းသမီးအတွက် ညီမဖြစ်သူနဲ့ စုံထောက်မလေးပေါင်းပြီး လူဆိုးတွေကိုလက်စားချေကြတာပေါ့ …  ဒီဇာတ်လမ်းမှာ မင်းသမီးနဲ့မင်းသားရဲ့အချစ်ခန်းတွေထက် မင်းသမီးသုံးယောက်ရဲ့ actionပြကွက်
တွေက ပိုများပါတယ် …. အရင်က ဒိတ်ဒိတ်ကြဲ နာမည်ကြီးခဲ့တဲ့ ဇာတ်လမ်းဟောင်းလေးမို့ ကြည့်ဖူးသူများကြမှာပါ …

ဒါပေမဲ့လဲ ငယ်ဘ၀ကို ပြန်လည်အမှတ်ရစေဖို့အတွက် ငယ်ငယ်က ဇာတ်ကားလေးတစ်ခုကို ရွေးချယ်ပြီး တင်ဆက်လိုက်ရပါတယ် …

Rating အနေနဲ့ကတော့ IMDb မှာ 6.1/10 နဲ့ Rotten Tomatoes မှာ 81% တို့ အသီးသီးရရှိထားတဲ့ ဇာတ်လမ်းကောင်းလေးပါ …



Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Myanmar Asian TV Channel - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger