Tag ( 2015 ) - မြန်မာစာတန်းထိုး



ဒီဇာတ်လမ်းလေးကို review မရေးခင် ကြားဖြတ်ကြေငြာစရာလေးပေါ့နော် ... သိပ်မကြာသေးခင်ကပဲ facebook ကွန်ရက်မှာ ခေတ်စားသွားတဲ့ video တစ်ခုပေါ့ ... ကျောင်းသူလေးတွေရဲ့ ဖယ်ရီကား တစ်စီးဟာ အရှေ့ကနေ လွင့်လာတဲ့ အရာတစ်ခုကြောင့် Bus တစ်ခုကို ထက်ဝက်ပြတ်သွားတယ့် video file လေးပေါ့ ...  

ကျွန်တော်ကတော့ ဒီ ဇာတ်လမ်းလေးကို 18+ လိုက သတ်မှတ်ပါတယ် ... sexual sense တွေကြောင့် မဟုတ်ပဲ တကားလုံး သွေးသံရဲရဲနဲ့ ခြောက်ခြားစရာ မြင်ကွင်းတွေကို တွေ့ရမှာဖြစ်တဲ့ အတွက် အသက် ၁၈ နှစ်ပြည့်မှသာ ကြည့်ရှုစေလိုပါသည် ... ၁၈ နှစ်မပြည့်သေးလဲ CM ကပြောသလို လူ ၁၈ ယောက်စုပေါ့ဗျာ ...

ဇာတ်လမ်းလေးထဲမှာတော့ - မစ်ဆူကို ဆိုတဲ့ ကောင်မလေးဟာ သေဆုံးပြီးသားသူ တစ်ယောက်ဖြစ်ပေမယ့် သူရဲ့ DNA က လူတစ်ယောက်ရဲ့အသုံးချခြင်းကို ခံလိုက်ရပါတယ် ... သူ့လိုပဲ ဒီဇာတ်လမ်းထဲမှာ ပါတဲ့သူတွေ အကုန်လုံးဟာ သေပြီးသားတွေပါပဲ ...

တစ်ကားလုံး ချောက်ချားစရာ အသည်းယားစရာ ထိတ်လန့်စရာ တွေပြည့်နှက်နေတဲ့ စိတ်ကူးယဉ် ဆန်ဆန်ဇာတ်လမ်းလေးဖြစ်တဲ့ အတွက် ... အချစ်ဇာတ်လမ်းတွေကို ငြီးငွေ့ နေကြတဲ့ ကိုကိုမမတွေ တကယ့်အကြိုက်တွေ့စေမယ့်ဇာတ်လမ်းလေးပါ ... ပိုပြီးသိရအောင် ဒီဇာတ်လမ်းလေးထဲပဲဝင်ကြည့်လိုက်ကြပါနော် ...

တစ်ကားလုံး တစ်ခန်းမှ ရင်မအေးရတဲ့ အတွက် ဘေးနားမှာ ရေခွက်လေးဆောင်ပြီး ကြည်ကြပါနော် ....

 IMDb Rating အနေနဲ့ကတော့ 6.1/10 ရရှိထားပါတယ် ... ( Horror ကား တော်တော်များများကတော့ rating နည်းတတ်ပါတယ် ... လူတိုင်းမှ မကြည့်ရဲတာကို ... hk hk ) ... အားလုံး ခြောက်ခြားလိုက်ကြရအောင်နော် ...





Share this article :

+ comments + 1 comments

November 22, 2016 at 5:57 PM

အခုလို ဂျပန်ဇာတ်ကားတွေ ပုံမှန်တင်ပေးတာကို ကျေးဇူးပါ။

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Myanmar Asian TV Channel - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger