Twenty ( 2015 ) - မြန်မာစာတန်းထိုး





ဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ Twenty လို့ ခေါ်ပါတယ် ... သရုပ်ဆောင်တွေကတော့ အထူး မိတ်ဆတ်ပေးနေစရာ မလိုလောက်အောင်ကို ဒီဘက်မှာ ဝက်ဝက်ကွဲ လူသိများနေတဲ့ သရုပ်ဆောင် မင်းသား နှစ်ယောက်ဖြစ်တဲ့ Kim Woo-bin ( Uncontrollbly Fond ) နဲ့ Kim Ha-neul ( 8th prince from Moon Lovers ) တို့ ပါဝင်ထားပါတယ် ... တောင်ကိုရီးယား နိုင်ငံရဲ့ Boy Group တစ်ခုဖြစ်တဲ့ 2pm အဖွဲ့မှ Lee Jun-ho လဲ ပါဝင် ပါသေးတယ် ... မင်းသမီးလေးတွေက​တော့ Jung So Min (Playfull Kiss.) Lee Yoo Bi (Scholar Who Walk At Night) တို့အဓိကပါဝင်​ထားပါတယ်​.
ဇာတ်လမ်းအကျဉ်းလေးကတော့ - အထက်တန်းကျောင်းသား သူငယ်ချင်း ၃ယောက်က ကောင်မလေးတစ်ယောက်ကို ကြိုက်မိကြတယ် ... လက်သွက်တဲ့ တစ်ယောက်က ကောင်မလေးနဲ့ အရင်တွဲလိုက်ရတယ် .... သူတို့ ၃ယောက် အဲလိုနဲ့ အသက် ၂၀ ပြည့်တော့ အမြဲလိုလို အတူမရှိနိုင်တော့ဘူး ... ဂေါင်းဂျယ် ( Kim Ha-neul ) က တက္ကသိုလ်ဆက်တက်တယ် ... ဒုံဝူး ( Lee Jun- ho ) က အထက်တန်း နောက်ဆုံးနှစ်ကို ပြန်တက်ရင်း ဝါသနာပါရာ ကာတွန်းဆွဲ သင်တန်းလဲတက်တယ် ... ချီဟို ( Kim Woo-bin ) တော့ အိပ်တယ်စားတယ် ကလပ်တက်တယ် မိန်းမရှုပ်တယ် ... သူငယ်ချင်း ၃ ယောက် ဘာတွေ ဆက်ဖြစ်ကြမလဲ ဆိုတာကိုတော့ '' Twenty '' ဆိုတဲ့ ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုကြပါနော် ...
Comedy အမျိုးအစားလေးဖြစ်ပြီး ရီလဲ တော်တော်ရီရပါတယ် ... ကြည့်ရှုလိုက်ရတဲ့ အတွက် နောင်တမရမှာ ကြိမ်းသေတဲ့ ဇာတ်ကားလေးပါ ... Kim Ha-neul ကို လဲ ကျောင်းသား ဘဝ လူငယ် လွတ်လွတ်လပ်လပ် ပျော်ပျော်ပါးပါး ပုံစံနဲ့ တွေ့ရမှာနော် 😝😝
Rating တွေအနေနဲ့ကတော့ IMDb မှာ 7/10 ရရှိထားပါတယ် ... တကယ် ကြည့်ရှုလို့ ကောင်းမယ့် ဇာတ်ကားလေးတစ်ခုဖြစ်ကြောင်းကိုတော့ အာမခံပါတယ်ဗျာ ..







Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Myanmar Asian TV Channel - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger