Saturday, January 7, 2017

The Cat Returns ( 2002 ) - မြန်မာစာတန်းထိုး

Edit Posted by with No comments


Series တွေကြည့်လို့ငြီးငွေ့နေတဲ့သူတွေအတွက် ဒီတစ်ခါမှာတော့ 2002 ခုနှစ်ထွက် Fantasy / Drama ကားလေးဖြစ်တဲ့ ဂျပန်anime ကာတွန်းကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

အဲ့ကားလေးကတော့ဂျပန်ကာတွန်းကားလေးတွေရဲ့ ထုံးစံအတိုင်း rating ကတော့မနိမ့်လှပါဘူး ... IMDBမှာ 7.3/10 နဲ့ Rotten Tomatoes 89%ရထားပါတယ် ...

ဇာတ်လမ်းအကျဉ်းကတော့ - ဟာရူဆိုတဲ့အထက်တန်းကျောင်းသူလေးက တစ်နေ့မှာကားတိုက်မလိုဖြစ်နေတဲ့ ကြောင်မင်းသားလေးလွန်း ကို ကယ်ခဲ့မိပါတယ် ... ကျေးဇူးဆပ်တဲ့အနေနဲ့ ကြောင်ဘုရင်ကြီးက သူ့ကိုမင်းသားလေးနဲ့လက်ထပ်ပီး ကြောင်တိုင်းပြည်ကိုခေါ်ချင်နေပါတယ် ... ဟာရူတစ်ယောက်လိုက်သွားရမှာကြောက်ပီး "ကြောင်အကျိုးဆောင်ရုံး" ကိုသွားပီး အကူအညီတောင်းတဲ့အခါ ကြောင်ဝတုတ်ကြီးမူးတ,ရုပ်ထုတွေဖြစ်ကြတဲ့ ကြောင်ဘာရွန်နဲ့ ကျီးကန်းတိုတို တို့ကအကူအညီပေးကြပါတယ် ... 

ဟာရူတစ်ယောက်ကြောင်တိုင်းပြည်ကို လိုက်သွားပီးမင်းသားလေးနဲ့လက်ထပ်ရမလား?
ကြောင်မလေးဖြစ်သွားမှာလား? ဆိုတာကို ဆက်လက်ကြည့်ရှုကြရမှာပါ ...

ဒီဇာတ်ကားလေးထဲမှာတော့ ကြောင်ဝတုတ်ကြီး မူးတ ရဲ့ ချစ်စရာ ဟန်ပန်တွေ ၊ အစားအသောက်မက်ပုံတွေ ၊ ဘာရွန် ရဲ့ စတိုင်တွေက အတော်ကို ကြည့်လို့ကောင်းပါတယ် ... စိတ်အာရုံကို အပန်းပြေစေမယ့် ကားကောင်းလေးမို့ ကြည့်ဖြစ်ကြည့်ရှုကြပါဦးလို့ ဖိတ်ခေါ်လိုက်ရပါတယ် .... .... 




Translator - Khin July Moe
Encoder  - Kaung Min Sett
Quality   - 720p
Myanmar Asian TV Channel မှ တင်ဆက်သည် ။ ။ ။






0 comments:

Post a Comment