Skip to main content

Perfect Imperfection ( 2016 ) - မြန်မာစာတန်းထိုး


အခုတစ်ခေါက်မှာတော့ Chinese Romantic Drama Film လေး တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ ...

2016 မှာ ထွက်ရှိခဲ့ပြီး Director Chen Bing က ရိုက်ကူးထားတာ ဖြစ်ပါတယ် ...

အဓိက သရုပ်ဆောင်တွေအဖြစ်

- Cinderella and Four Knights ဇာတ်လမ်းတွဲထဲက မင်းသားချောလေး Ahn Jae Hyeon

- 2014 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Dragon Sabre and Heaven Sword ( နဂါးနိုင်ဓား ) ဇာတ်လမ်းတွဲမှာ ကျောက်မိန်မိန် အဖြစ် ပါဝင်ခဲ့တယ့် ထိုင်ဝမ် မင်းသမီးချောလေး Ady An

တို့က ပါဝင်ထားပါတယ် ...

ဇာတ်လမ်းလေးကတော့ ဟာသ ဇာတ်မြူး ပုံစံလေးဖြစ်ပြီး လူငယ်တွေအနေဖြင့် အကြိုက်တွေ့စေမယ့် ဇာတ်လမ်းမျိုးလေးပါ ...

ရဲရှောင်မန်း ( Ady An ) ကတော့ အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး သူမချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီမယ့် အမျိုးသားတစ်ဦးကို ရှာဖွေရင်း single ဖြစ်နေသူပေါ့ ...

လျန်အန်း ( Ah Jae Hyeon ) ကတော့ ကုမ္ပဏီတစ်ခုရဲ့ အယ်ဒီတာ တစ်ဦးဖြစ်ပြီး ... မိန်းမတွေနဲ့ ပွေရှုပ်နေသူ တစ်ဦးပေါ့ ...

ရဲရှောင်မန်း နဲ့ လျန်အန်း တို့ နှစ်ယောက် ထိပ်တိုက်တွေ့ဆုံဖို့ အကြောင်းဖန်လာတဲ့အခါ ...

အကျင့်ချင်း ဆန့်ကျင်ဘက် ဖြစ်နေကြတဲ့ သူနှစ်ဦးချင်း ဘယ်လိုတွေဖြစ်ကြမလဲ ?

အချစ်တစ်ခုဖြစ်တည်လာတဲ့အခါ ကြားမှာ ဘယ်လိုအတားအဆီးတွေ ဝင်ရောက်လာမလဲ ?

စတာတွေကို ဟာသလေးတွေ နှောပြီး ရယ်စရာလေးတွေ ဖြစ်တည်လာအောင် ရိုက်ကူးထားပါတယ် ...

Rating အရ MyDramaList မှာ 7/10 ရရှိထားပြီး ...

12 ကြိမ်မြောက် Chinese American Film Award မှာ Golden Angel Award ကိုလဲ ဆွတ်ဖူးရရှိထားတဲ့ ဇာတ်ကားလေးတစ်ခုပါလို့ မိတ်ဆက်ပေးလိုက်ရပါတယ် ....

Translator : ThanSin
Encoder : Anonymous X
Quality : WEB-DL 720p
File Size : 634 MB


                                                                    Download ( Openload Link )

Comments

Popular posts from this blog

The Eternal Love ( 2017 ) - မြန်မာစာတန်းထိုး

The Eternal Love ( 2017 ) - မြန်မာစာတန်းထိုး
ချွီထျန်းအာဟာချွီအိမ်​​တော်​ရဲ့ကိုယ်လုပ်တော်​က​မွေးထားတဲ့မိန်းကလေးတစ်ယောက်​ဖြစ်ပြီး ကံ​ကောင်းစွာနှင့်​ဧကရာဇ်နိုင်ငံ​တော်​ကြီးရဲ့မင်းသား၈ မိုလျန်ချန်​နှင့်​လက်ဆက်ထိမ်းမြှားခွင့်​ရခဲ့တယ်​ ဒါပေမယ့်​ချွီထျန်​အာက မိုရီဟိုက်​(မင်းသား၁-​မိုလျန်​ချန်​အစ်ကိုတော်​)နှင့်​ချစ်ကျွမ်းဝင်ပြီး လက်မထပ်​ခဲ့ရလို့ ကိုယ့်​ကိုယ်ကိုသေကြောင်းကြံခဲ့တယ်​ ဒါပေမယ့်​အဲ့အချိန်မှာထူးကြား​ဆန်းပြားလှတဲ့အချိန်​အပြောင်းအလဲဖြစ်​ပြီးသူမဟာစရိုက်​နှစ်​မျိုးဖြစ်လာခဲ့တယ်​ အဲ့ပြောင်းလဲမှု​တွေကိုစတင်သတိပြုမိတာက​တော့သူမရဲ့အစေခံမလေး ကျင်ရှင်း​ပေါ့ ချွီထျန်အာရဲ့ ကိုယ်​၀ိဥာဉ်​မှာ အခုခေတ်​(2017​ပေါ့​နော်​)ရဲ့ဝိဥာ​ဉ်​တစ်​ခုကချွီထျန်​အာရဲ့ခန္ဓာကိုယ်​မှာဝင်​​ရောက်​​နေပြီး ၀ိဥာဉ်​၂ခုဖြစ်​​နေတယ်​   ချွီထျန်အာရဲ့ကိုယ်မှာဝင်​​ရောက်နေတဲ့ဝိဥာဉ်ကလည်းအနာဂတ်​ကိုပြန်​သွားနိုင်​မလား မင်းသားမိုလျန်ချန်​ကလည်း ချွီထျန်အာရဲ့ ​ပြောင်းလဲမှု​တွေကိုသတိထားမိလာတဲ့အခါမှာ​တော့ ဘာ​တွေဆက်​ဖြစ်​မလဲ  သူတို့၂​ယောက်​က​ကော​ပေါင်းဖက်​နိုင်​မှာလားဆိုတာ  The Eternal Love series ​လေးမှကြည့်​ကြပါလို့
CAST : Xing Zhao Lin as Mo …

The King Loves ( 2017 ) - မြန်မာစာတန်းထိုး

The King Loves ( 2017 ) -မြန်မာစာတန်းထိုး    
   The King Loves Drama ဟာ Goryeo ခေတ်မှာနေတဲ့ သူ့ကိုယ်သူအမြဲဖုံးကွယ်ပြီး​​ နေတတ်တဲ့ အိမ်ရှေ့မင်းသားလေး Won, ရိုးသားဖြူစင်ပြီး စိတ်သဘောထားကောင်းတဲ့ သက်တော်စောင်လေး Lim, မြင်သူတကာငေးရလောက်အောင်ချောမောလှပတဲ့ San အဓိကသရုပ်ဆောင်သုံးဦးရဲ့ ငယ်သူငယ်ချင်း သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကို ပုံဖော်ရိုက်ကူးထားတဲ့ သမိုင်းနောက်ခံ အချစ်ဇာတ်လမ်းကားလေး ဖြစ်ပါတယ် 
Lee Seo-yeon က Im Yoona ငယ် ဘဝကိုသရုပ်ဆောင်ထားပါတယ် Eun San (Im Yoona) ဟာ မြို့မျက်နှာဖုံး မြို့မှာအချမ်းသာဆုံး သူဌေးကြီးရဲ့ သမီးဖြစ်ပြီး သူမအလှဟာ ကဗျာဆန်ပြီး မြင်သူတကာငေးလောက်အောင် ချောမောလှပသူဖြစ်ပါတယ်(ခေတ်စကားနဲ့ဆိုရင်တော့ သူမအလှက ရူးလောက်အောင် သေလောက်အောင်လှတယ်ပေါ့ကွယ်)
Si Won ရဲ့ ငယ်ဘဝကလေးလေးက အခုလက်တလော MBC ကလာနေတဲ့ Bad Thief,Good Thief မှာပါတဲ့ကလေးလေးပါ  Wang Won (Im Si Won) ဟာ ရုပ်ရည်ချောမောပြီး အပြောကောင်းတဲ့ အိမ်ရှေ့မင်းသားလေးဖြစ်ပြီး သူရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ နဲ့ ရည်မှန်းချက်တွေကို ဖုံးကွယ်ပြီးနေတဲ့ လူတစ်ယောက်ဖြစ်တယ်
Hong Jong Hyunရဲ့ ငယ်ဘဝသရုပ်ဆောင် ကလေးလေးက 2015 MAMA ကားမှာ Hong Jong H…

The King Movie ( 2017 ) - မြန်မာစာတန်းထိုး

The King Movie (2017)
Translator - Babe Princess Chu Encoder - MTK File Size-820 MB
Download Link ( Openload )

Love Just Come(2017)

"Love Just Come(2017)"
Series အရှည်တွေကို MMATV ရဲ့တတိယမြှောက် အပိုင်း ၅၀ကျော် ဇာတ်လမ်းတွဲတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။
ချင်းလင်လို့ခေါ်တဲ့ကောင်မလေးက ငယ်ငယ်ကတည်းက သူ့အဖေက အမွှေးရနံ့တစ်ခုကို တီထွင်ဖို့ကြိုးစားရင် ဓါတ်ခွဲခန်းမီးလောင်မှုနဲ့ အတူ သေဆုံးခဲ့ရသူ။ အမေဖြစ်သူကလဲ သူ့သမီးကို ထားခဲ့ပြီး နောက်ယောကျာ်းတစ်ယောက်ကိုယူခဲ့လို့ မိဘမဲ့တစ်ယောက် ဖြစ်ခဲ့ရပါတယ်။ အဲ့အချိန်မှာ အဖွားဖြစ်သူက လိုက်ရှာပေမယ့် မတွေ့ဆုံခဲ့ရပါဘူး။ အသက် အရွယ်ကြီးလာတော့ ဟွားချင်းလင်လို့ ခေါ်တဲ့ မင်းသမီးချောလေး (Jiang Kai Tong) ကတော့ မိဘမဲ့ဂေဟာကနေကြီးပြင်းလာပြီးဘွဲ့ရရှိခဲ့ပါတယ်။ အဲ့အချိန် အဖွားဖြစ်သူနဲ့ အမှတ်မထင်ဆုံတွေပြီး မြေးအဖွား အစစ်တွေဆိုတာ မသိကြပဲ အတူတူ နေထိုင်ပြီး အဖေဖြစ်ခဲ့သူရဲ့ ရေမွှေးကို ထပ်မံရှာဖွေခဲ့ပါတယ်။ တစ်ချိန်ထဲမှာပဲ မင်းသားဖြစ်သူ သွမ့်ထျန်းလန်ကတော့ ချင်းလင်ရဲ့ အမေဖြစ်သူကို မိထွေးနေရာက ဆက်ဆံထားရပါတယ်။  သွမ့်ထျန်းလန်ကို တစ်ဖက်သတ်ကြိုက်နေတဲ့ မိန်းကလေးကတော့ ရှန်းရှန်းလို့ခေါ်တဲ့ ချင်းလင်ရဲ့ အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ပါပဲ။ ရှန်းရှန်းကလဲ သွမ့်ထျန်းလန်ကို ရဖို့အတွက်နဲ့ ချင်းလင်ကို ကောက်ကျစ်တဲ့စိတ်ထားခဲ့ပါတ…

Closest Love to Heaven ( 2017 ) - မြန်မာစာတန်းထိုး

Original Title - Kyô no Kira kun


ဒီဇာတ်ကားလေးက 2017 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Japanese Romance , School ဇာတ်လမ်းလေးပါ ...
Rin Mikimoto ရေးသားခဲ့တဲ့ “ Kyo no Kira kun “ လို့ အမည်ရတဲ့ Manga Series ကို ပြန်လည် အသက်သွင်းထားတဲ့ ဇာတ်လမ်းလေးပါ ...

ဇာတ်လမ်းအကျဉ်းလေးကတော့ -

အိုကာမူရာ-နိနိုး ဆိုတဲ့ ကောင်မလေး က တိရစ္ဆာန်လေးတွေကို အရမ်းချစ်တတ်သူ တစ်ဦးပေါ့ ... အထက်တန်းကျောင်း တက်နေတဲ့ ကျောင်းသူလေး တစ်ဦးလဲ ဖြစ်တာပေါ့ ... အပေါင်းအသင်း လဲ မရှိပဲ အနေ အေးဆေးသူ တစ်ယောက်ပေါ့ ... ဒါ့ကြောင့် တခြားသူတွေရဲ့ အနိုင်ကျင့်ခြင်းကိုလဲ ခဏ ခဏ ခံရသူပါ ...

ယုအိဂျိ-ခိရ ဆိုတဲ့ ကောင်လေး ကတော့ အထက်တန်းကျောင်းရဲ့ ပေါ်ပြူလာ အဖြစ်ဆုံး ကောင်လေးပေါ့ ... ဘဝ ကို ပျော်ပျော်နေတယ် ... အပေါင်းအသင်းနဲ့ ရီရီမောမောနေတယ် ... မိန်းကလေး ပေါင်းစုံနဲ့ တွဲတယ် ... ဒါပေမဲ့ ပျော်ရွှင်ခြင်း နဲ့ ပွေလီခြင်း ရဲ့ နောက်ကွယ်မှာ လျှို့ဝှက်ချက် အကြီးကြီး တစ်ခုကို ထိန်းသိမ်းထားရသူ တစ်ဦးပေါ့ ...

ကံကြမ္မာရဲ့ စေခိုင်းမှုကြောင့် ခိရ ရဲ့ လျှို့ဝှက်ချက် ကို နိနိုး တစ်ယောက် သိရှိလာပြီးတော့ အချိန်မှာတော့ , အရာရာဟာ ပြောင်းလဲလို့ သွားခဲ့ပါတယ် ....