မြန်မာစာတမ်းထိုးကားကောင်းလေးတွေ မပြတ်တမ်းကြည့်ချင်ရင် Myanmar Asian TV Page လေးကို Like နှိပ်ပြီး See First လုပ်ထားနော်!
0
0 votes, average: 0.00 out of 50 votes, average: 0.00 out of 50 votes, average: 0.00 out of 50 votes, average: 0.00 out of 50 votes, average: 0.00 out of 5
Loading...
The 100th Love with You ( 2017 )

The 100th Love with You ( 2017 )

ဒီဇာတ်ကားလေးကတော့ 2017 ခုနှစ်မှာပဲ ထွက်ရှိခဲ့တဲ့ Romance , Fantasy & Time Travel ဇာတ်လမ်းလေးပါ …

ဇာတ်လမ်းအကျဉ်းလေးကတော့ –

အအိုအိ , ရိခု , နာအိုယ နဲ့ တဲ့စုက တို့ သူငယ်ချင်း ၄ ယောက် ပေါင်းပြီး stroboscope ဆိုတဲ့ band လေး ကို ဖွဲ့စည်းထားပါတယ် … သူတို့ သူငယ်ချင်း ၄ ယောက် ဖွဲ့စည်းထားတဲ့ band လေးက ၇ လ ပိုင်း ၂၇ ရက်နေ့ အအိုအိ မွေးနေ့မှာပဲ ပွဲတော်တစ်ခုမှာ ဖျော်ဖြေရမှာ ဖြစ်ပါတယ် …

ထိုဖျော်ဖြေပွဲပြီးနောက် အအိုအိ တစ်ယောက် ယာဉ်တိုက်မှု တစ်ခု ကြုံတွေ့ခဲ့ရပါတယ် … ဒါပေမဲ့ အအိုအိ ပြန်နိုးလာတော့ ၇ လပိုင်း ၂၇ ရက်နေ့ မတိုင်ခင် တစ်ပတ်အလိုက ဖြစ်စဉ်တစ်ခုဖြစ်တဲ့ အတန်းထဲမှာ စာသင်နေရင်း နိုးလာပါတယ် …

အဲ့နောက်မှာတော့ ရိခု က အအိုအိ ကို ” နင့်ကိုငါ့ရဲ့ လျှို့ဝှက်ချက် တစ်ခုပြောပြမယ် ” ဆိုပြီး … သူဟာ အချိန်တွေကို နောက်ပြန်ဆုတ်နိုင်ကြောင်း ကို အအိုအိ ကို ပြောပြလိုက်ပါတယ် …

ထိုအချိန်တွေကို နောက်ပြန်ဆုတ်နိုင်တဲ့ အစွမ်းနဲ့ပဲ ရိခု တစ်ယောက် အအိုအိ ရဲ့ ကံကြမ္မာ ကို ပြောင်းလဲပစ်နိုင်မလား ? မပြောင်းလဲ ပစ်နိုင်မလား ? ဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ် …

ဂျပန်လူမျိုးတွေရဲ့ နွေဥတု မှာ ပျော်ပွဲရွှင်ပွဲတွေနဲ့ အချိန်ကုန်ဆုံးပုံတွေကို ရိုးရာဓလေ့တွေကို စိတ်ဝင်စားဖွယ်တွေ့ရှိရမှာ ဖြစ်ပါတယ် …

ဒီဇာတ်ကားလေးကို အအိုအိ အဖြစ် Miwa က ပါဝင်သရုပ်ဆောင်ထားပြီး , ရိခု အဖြစ် Kentaro Sakaguchi တို့က ပါဝင်သရုပ်ဆောင်ထားပါတယ် …

Rating အရ IMDb မှာ 6.9/10 ရရှိထားတဲ့ ဇာတ်ကားလေးတစ်ကားလဲ ဖြစ်ပါတယ် …

 

Translator : Ziven
Encoder : Ziven
Quality : Blu-ray 720p
File Size : 782 MB

Duration: 1 hr 56 min

Quality: Blu-ray 720p

Release:

IMDb: 7/10